ဆရာတော်တွေ ဟောတဲ့တရားတွေကို နာရတဲ့အခါ ဘယ်လိုတရားမျိုးတွေကို နာချင်လဲဆိုရင် ကိုယ်နှင့်အလှမ်းဝေးတဲ့၊ ကိုယ့်ဖာသာ လေ့လာဖို့  မလွယ်ကူနိုင်တဲ့ ပိဋကတ်စာပေတွေ၊ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတွေထဲက မှတ်သားစရာကောင်းတဲ့ အကြောင်းအရာတွေ၊ အဆုံးအမတွေ၊ အဲဒါတွေနှင့် စပ်ဆက်ပြီး ခေတ်နှင့်လျှော်ညီတဲ့ နှိုင်းယှဉ်လေ့လာမှုတွေ၊ ကောက်ချက်ဆွဲပြတာမျိုးတွေ နာရတာမျိုး သဘောကျမိတယ်။
အခုလိုခေတ်မျိုးမှာ ကိုယ့်ဖာသာကို အင်တာနက်မှာ ရှာဖတ်လည်းရနေတဲ့ General Knowledge အကြောင်းအရာတွေကို အဓိပ္ပါယ်တွေရှင်းပြ အနက်ဖွင့်ပြ ဟောပြနေတာမျိုးကြတော့ နားထောင်နေရတာ အချိန်ဖြုန်းနေသလိုပဲ ခံစားရတယ်။
အချိန်တိုပေမယ့် တရားက ထိထိမိမိနှင့် လိုရင်းအချက်ကို ရှင်းပြပေးနိုင်ရင် အဆင်ပြေပါတယ်။ မလိုအပ်ပဲ တရားကြီးက ရှည်ပြီးဝေ့နေတော့ အဆင်မပြေဘူးလားလို့။
ကျောင်းတက်တုန်းကလည်း ဆရာတွေ Text book ထဲက အင်္ဂလိပ်စာကြောင်းတွေကို တစ်ကြောင်းချင်းဖတ်ပြီး ဘာသာပြန်ပြနေရင် တအားစိတ်ညစ်တာပဲ။စာအုပ်ထဲက စာကို ဖတ်တာလောက်ကတော့ ကိုယ့်ဖာသာဖတ်လည်းရတာပဲ။ စာသင်ခန်းထဲ ဘာလို့ လာထိုင်နေတော့မလဲ။
မနေ့ညက တရားနာရင်း တွေးမိတာလေးပါ။
ဆက်လက်ဖတ်ရှုရန်
Sunday, July 3, 2016
Subscribe to:
Comments (Atom)

