မေး ။ ။ သမထနှင့် ဝိပဿနာ ဘာကွာသလဲဆိုတာ ပြောပြပေးနိုင်မလား။
ဖြေ။ ။ သမထဆိုတာက စိတ်အေးချမ်းသွားဖို့အတွက် အားထုတ်တာ၊ အတွေးတွေရပ်သွားဖို့အတွက် အားထုတ်တာ၊ စိတ်ငြိမ်အောင် လုပ်တာဖြစ်တယ်။ စိတ်ငြိမ်သက်သွားတဲ့အခါ လူက ပျော်ရွှင်အေးချမ်းလာတယ်။ ဒါက တရားအားထုတ်တာရဲ့ ပထမအဆင့်ဘဲ။ ဒီအဆင့်ကို ပိုင်နိုင်သွားတဲ့အခါ ဝိပဿနာလို့ခေါ်တဲ့ ဒုတိယအဆင့်ကို တက်ကြရပါမယ်။ ဝိပဿနာဆိုတာက သမထအဆင့်မှာတုန်းက ရရှိထားခဲ့တဲ့ ငြိမ်းအေးမှုကို ကာကွယ်စောင့်ရှောက်ဖို့အတွက
တကယ်လို့ ဝိပဿနာကို အားမထုတ်ဘူးဆိုရင် ဖြစ်လေ့ရှိတာက သမာဓိကျသွားတဲ့အခါ သင့်စိတ်က အတွေးတွေ ပြန်လည်စတင်ဝင်ရောက်လာပြီး ဝတ္ထုအာရုံတွေအပေါ်မှာ ငြိတွယ်မှုတွေ စဖြစ်လာတတ်တယ်။ အဲဒီအခါ သမထအားထုတ်ထားတုန်းကရထားတဲ့
ဝိပဿနာဆိုတာက အမှန်ကို အမှန်အတိုင်း ကြည့်တာ၊ ဝတ္ထုအာရုံတွေအပေါ် ကိုယ်ထင်နေသလိုမဟုတ်ပဲ သူတို့အရှိကို အရှိအတိုင်း ကြည့်တာဖြစ်တယ်။ ပုံမှန်အားဖြင့် ကျွန်ုပ်တို့တတွေဟာ ဝတ္ထုအာရုံတွေရဲ့ တကယ့်အရှိနဲ့ ဆန့်ကျင်ဘက်ကိုဘဲ တွေးထင်တတ်ကြတယ်။ ကျွန်ုပ်တို့ လိုချင်တာမှန်သမျှ ကောင်းတယ်လို့ထင်တတ်ကြတယ်။ အရာရာတိုင်းကို မြဲတယ်လို့ထင်တယ်။ ကိုယ့်မှာရှိတဲ့အရာရာတိုင်း
ဒါကြောင့် ဝိပဿနာလို့ ခေါ်တဲ့တရားအားထုတ်နည်းဟာ သင်လိုချင်စွဲလမ်းငြိတွယ်နေ
Ajahn Suchart Abhijāto
ဆက်လက်ဖတ်ရှုရန်


