မဟာယာနဗုဒ္ဓဘာသာမှာ လူတိုင်းဟာ ဘုရားအလောင်းတွေဖြစ်ကြတယ်။ တစ်ချိန်မှာ ဘုရားအဖြစ်နှင့် လောကကိုကယ်တင်ကြရမယ်ဆိုတဲ့ ယုံကြည်မှုကို လူတွေရဲ့ စိတ်ထဲရိုက်သွင်းပေးထားတာကို သဘောကျမိတယ်။ ဒါဟာ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ယုံကြည်လက်ခံသူတွေရဲ့ စိတ်ကို တစ်မျိုးတစ်ဖုံ အကောင်းဘက်ကို ပြောင်းလဲသွားစေနိုင်တယ်လို့ တွေးမိတယ်။ အခုစာဖတ်နေတဲ့မိတ်ဆွေအနေနှင့် အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ခဏလောက်ရပ်ပြီး ကိုယ့်ဖာသာ စိတ်ကူးကြည့်ပါလား။ ငါဟာ ဘုရားအလောင်းတစ်ဦးဖြစ်တယ်။ တစ်ချိန်ချိန်မှာ ဘုရားရှင်အဖြစ်နှင့် လောကကိုကယ်တင်ရမယ့်သူ ဖြစ်တယ်လို့ တွေးကြည့်ကြည့်ပါ။ စိတ်ထဲမှာ mood တစ်ခု ပြောင်းသွားတာ တွေ့ပါလိမ့်မယ်။ အဲဒီပြောင်းသွားတဲ့ စိတ်ခံစားမှုအခြေအနေလေးဟာ ဘယ်လိုလေးများဖြစ်နေမလဲ။
ဗုဒ္ဓဘာသာဝင်တိုင်း ဘုရားရှင်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်တယ် ဆိုတာ အနည်းနှင့်အများတော့ သိထားကြတာပါပဲ။ ရုပ်ပိုင်းရော၊ စိတ်ပိုင်းရော၊ ပညာအရာ၊ တန်ခိုးတော်အရာ စသဖြင့် ဘက်ပေါင်းစုံမှာ အတုမရှိ ပြည့်စုံတော်မူတဲ့သူ။ သတ္တ၀ါတွေအားလုံးအပေါ်မှာ ကြီးမားတဲ့ မေတ္တာတော်၊ မဟာကရုဏာတော်နှင့် စောင့်ရှောက်ကယ်တင်တော်မူတဲ့ သူ။ အမျိုးမျိုးသော ပါရမီတော်တွေကို ဖြည့်ဆည်းတော်မူခဲ့တဲ့သူ။ ငါဟာ တစ်ချိန်မှာ ဒီလိုပုဂ္ဂိုလ်ဖြစ်ရမယ့်သူပါ လား လို့ အတွေးဝင်မိတာနှင့် စိတ်ထဲမှာ ငါဟာ ကြီးလေးတဲ့တာဝန်ကို ထမ်းရွက်ရမယ့်သူဖြစ်တယ်။ ပေါ့ပေါ့ဆဆနှင့် နေလို့မဖြစ်ဘူး။ အခုကတည်းက ပြင်ဆင်ရမှာတွေ၊ ဖြည့်ဆည်းဆောင်ရွက်ရမှာတွေကို ကြိုးစားပြီးလုပ်သွားမှ တော်လိမ့်မယ်။ ပါရမီ (၁၀) ပါး ဆိုတာကို စာထဲမှာ မထားတော့ပဲ လက်တွေ့အကောင်အထည်ဖော် ကြိုးစားလုပ်သွားရမှာပါလား ဆိုတာမျိုး အတွေးတွေ ၀င်လာပါလိမ့်မယ်။
တစ်ချိန်မှာ ရှင်ဘုရင်ဖြစ်ဖို့ ကျိန်းသေနေတဲ့ အိမ်ရှေ့ မင်းသားတစ်ပါးဟာ မင်းသားဘ၀မှာကတည်းက ကိုယ်အုပ်ချုပ်ရမယ့် တိုင်းပြည်နှင့်ပတ်သက်ပြီး သိသင့်သိထိုက်တာတွေ၊ ဘုရင်တစ်ပါးအနေနှင့် တတ်မြောက်ရမယ့် အတတ်ပညာတွေကို ကျွမ်းကျွမ်းကျင်ကျင်နာလည်ေ အာင် သင်ကြားထားရမှာဖြစ်ပြီး တိုင်းသူပြည်သားတွေရဲ့  ချစ်ခင်လေးစားမှု ခံရအောင်လည်း မင်းသားဘ၀မှာကတည်းက အဘက်ဘက်က ကြိုးစားထားရမှာ ဖြစ်ပါတယ်။
တစ်ချိန်မှာ နိုင်ငံတစ်ခုရဲ့  အထွဋ်အထိပ် သမ္မတဖြစ်ဖို့ စိတ်ကူးမျှော်လင့်ချက်ရှိထားတဲ့ နိုင်ငံရေးသမားတစ်ယောက်ဆိုရ င်လည်း တိုင်းပြည်ကို စီမံအုပ်ချုပ်နိုင်မယ့် အရည်အချင်းပြည့်မီအောင် အခုကတည်းက အစစအရာရာ ပြင်ဆင်ဖြည့်ဆည်းထားရမှာဖြစ်သလို၊ အကျင့်စာရိတ္တပိုင်းကအစ လူတွေထောက်စရာ၊ ကဲ့ရဲ့ စရာ ဖြစ်မလာအောင် ထိန်းထိန်းသိမ်းသိမ်းနှင့် နေထိုင်ရမှာ ဖြစ်ပါတယ်။
အဲဒီဥပမာတွေအတိုင်းလိုပါပဲ။ ကိုယ့်ကိုယ်ကို တစ်ချိန်မှာ ဘုရားဖြစ်ရမယ့်သူလို့ ယုံကြည်ထားတဲ့သူတစ်ယောက်အဖို့အတွက်လည်း နေ့စဉ်ဘ၀ကို သူလိုငါလို ပေါ့ပေါ့တန်တန်ဖြတ်သန်းဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ နေ့ရက်တိုင်း ပါရမီဖြည့်နိုင်ဖို့အတွက် အားစိုက်ကြိုးပမ်းနေရတော့မှာ ဖြစ်ပါတယ်။ သူဌေးဖြစ်ဖို့အတွက် တစ်ကျပ်တစ်မူးကအစ ရိုရိုသေသေစုသလို ဘုရားဖြစ်ဖို့အတွက် ပါရမီတွေကို ကြိုးစားဖြည့်ပြီး ကုသိုလ်စုနေရတော့မှာပါပဲ။
မဟာယာနဗုဒ္ဓဘာသာအလိုမရ ထင်ရှားရှိတဲ့ သတ္တ၀ါတိုင်းမှာ Buddha Nature ဆိုတဲ့ ဗုဒ္ဓသဘာဝဆိုတာ ကိန်းအောင်းနေကြတယ်လို့ဆိုတ ယ်။ ဒါကြောင့် လူအချင်းချင်းပဲဖြစ်ဖြစ်၊ တိရစ္ဆန်တွေကိုပဲဖြစ်ဖြစ် မလေးမစား မလုပ်ရဘူး။ အားလုံးဟာ တစ်ချိန်မှာ ဘုရားဖြစ်မယ့်သူတွေချည်းဖြစ်ကြလို့ အားလုံးအပေါ် ကြင်ကြင်နာနာ လေးလေးစားစား ဆက်ဆံကြရမှာ ဖြစ်တယ်။ ကိုယ်လည်း ဘုရားအလောင်း၊ ကိုယ့်ရှေ့ က မြင်တွေ့နေရတဲ့ သူ၊ ဆက်ဆံနေရတဲ့သူကလည်း ဘုရားအလောင်း၊ တိရစ္ဆန်လေးတွေကလည်း ဘုရားအလောင်း။ ဒီလို ယုံကြည်မှုမျိုး၊ ဒီလိုအတွေးမျိုးနှင့် လူအချင်းချင်းကြား၊ လူနှင့်တိရစ္ဆာန်တွေကြား ဆက်ဆံကြတဲ့အခါကြတော့ ဘာပဲဖြစ်ဖြစ် နားလည်မှု၊ ကြင်နာမှု၊ ညှာတာထောက်ထားမှုစတဲ့ ဗြဟ္မာစိုရ်တရားတွေ စိတ်ထဲဖြတ်စီးနိုင်တာပေါ့။
မဟာယာနဗုဒ္ဓဘာသာမှာ သတ္တ၀ါတစ်ဦးစီရဲ့  နောက်ဆုံးပန်းတိုင်အနေနှင့် ဘုရားဆု လို့ခေါ်တဲ့ သမ္မာသမ္ဗုဒ္ဓဗောဓိ ဆု တစ်ခုတည်းကိုသာ သတ်မှတ်ထားပေမယ့် ထေရ၀ါဒဗုဒ္ဓဘာသာကိုလေ့လာကြည့်ရင်တော့ သတ္တ၀ါတွေရဲ့  နောက်ဆုံးဖြစ်ရမယ့် ပန်းတိုင် ဗောဓိဆုဟာ ရွေးချယ်စရာ ငါးမျိုးတောင်ရှိနေပါတယ်။ ဘုရားဆုတစ်ခုတည်းမဟုတ်ပါဘူး။
(၁) သမ္မာသမ္ဗုဒ္ဓ ဘုရားဆု
(၂) ပစ္စေကဗုဒ္ဓ ဆု
(၃) အဂ္ဂသာဝက ဆု
(၄) မဟာသာဝက ဆု
(၅) ပကတိသာဝက ဆု
ဆိုပြီး ငါးမျိုး ရွေးချယ်နိုင်ပါတယ်။ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေအနေနှ င့်ဆိုရင် ဒီငါးမျိုးထဲက တစ်ခုခုကို ဆုံးဖြတ် ရွေးချယ်ပြီး တစ်သက်ပတ်လုံး တစ်စိုက်မတ်မတ် ပါရမီဖြည့်နေဖို့ပါပဲ။
တကယ်က ဒီဗောဓိဆုတွေဆိုတာ တခြားမှာရှိနေတာမဟုတ်ပါဘူး ။ မိမိတို့တစ်ဦးချင်းစီရဲ့  စိတ်ထဲမှာ မျိုးစေ့အနေနှင့် ရှိနှင့်ပြီးသားတွေဖြစ်ပါတယ်။ ဒီဗောဓိမျိုးစေ့လေး ကိုယ့်စီမှာ ရှိနေတယ်ဆိုတာကို အရင်ဆုံး နားလည်လက်ခံတတ်ဖို့တော့လို ပါတယ်။ ပြီးတော့မှ ငါ့ရဲ့  ဗောဓိမျိုးစေ့လေးကို ဘယ်လိုအပင်မျိုးဖြစ်လာအောင် ပြုစုပျိုးထောင်မယ်ဆိုတာကို ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ် ရမှာဖြစ်ပါတယ်။
ဆုငါးဆုထဲက ကြီးကြီးမားမားဆုကြီးတွေကို မရွေးချယ်ဖြစ်ရင်တောင် ပကတိသာဝကဆု ဆိုတာက လူတိုင်း လွယ်လွယ်ကူကူဖြစ်ခွင့်ရှိပါတယ်။ ကိုယ့်ကြိုးစားအားထုတ်မှုပေါ် မူတည်ပြီး အချိန်အတိုင်းအတာ အတိုအရှည်ကွာနိုင်ပေမယ့် တကယ်ရည်မှန်းချက်ကြီးကြီးထား အားထုတ်ရင် ဒီတစ်ဘ၀တည်းနှင့်လည်း ဒီဆုက ရရှိနိုင်ပါတယ်။
ဘုရားရှင် သတ်မှတ်ထားပေးခဲ့တဲ့ ပါရမီ(၁၀)ပါးကို အကုန်လုံး မဖြည့်နိုင်ရင်တောင် အနည်းဆုံး တစ်ခုကိုရွေးချယ်ပြီး တစ်သက်ပတ်လုံး ကြိုးစားဖြည့်ဆည်းရင်း မိမိတို့ရဲ့  ဗောဓိမျိုးစေ့လေးကို အပင်ပေါက်ကြီးထွားလာအောင် ပြုစုပျိုးထောင်ပေးကြရမယ့် တာဝန်က လူတိုင်းမှာရှိနေပါတယ်။ လူအများတွေးတတ်ကြတာက ဘုရားဆုပန်တွေလောက်သာ ပါရမီတွေဖြည့်ဆည်းကြရတယ်။ ကိုယ်လိုသာမန်လူတွေကတော့ ဒီလိုပဲ စားစားသွားသွား အေးအေးဆေးဆေးပဲဆိုပြီး ဘ၀မှာ ကုသိုလ်ပါရမီအားထုတ်ဖြည့်ဆ ည်းဖို့ နှေးကွေးလေးပင်နေတတ်ကြတယ်။
တကယ်တော့ ကိုယ့်အထွာနှင့်ကိုယ် အားလုံးမှာ ပါရမီဖြည့်ရမယ့်တာဝန်ရှိနေပါတယ်။ ငါဟာ သာမန်လူမဟုတ်ဘူး။ ဗောဓိလောင်းလျာတစ်ဦး ဖြစ်တယ် ဆိုတဲ့ အတွေးမျိုး ခဏခဏ တွေးတွေးပေးတတ်ကြရင် အတော်ကောင်းမယ် လို့ တွေးမိတယ်။ ဒါမှ ကုသိုလ်ကောင်းမှုတွေ လုပ်ဖို့ မေ့လျှော့နေတတ်တဲ့အကျင့်တွေ တဖြေးဖြေးလျှော့ပါးသွားနိုင်မှာ ဖြစ်ပါတယ်။
တစ်ဦးနှင့်တစ်ဦးဆက်ဆံရာမှာပဲဖြစ်ဖြစ်၊ တိရစ္ဆာန်လေးတွေနှင့် ဆက်ဆံရာမှာပဲဖြစ်ဖြစ် မဟာယာနဗုဒ္ဓဘာသာဝင်တွေတွေးသ လိုမျိုး ဒီလူ၊ ဒီသတ္တ၀ါလေးဟာ ဗောဓိလောင်းလျာဖြစ်တယ်။ တစ်ချိန်မှာ အထွဋ်အမြတ်ဦးခိုက်အရိုအေ သပေးရမယ့်သူတစ်ဦး ဖြစ်လာမှာ။ ဗုဒ္ဓစာပေတွေထဲမှာလည်း အလောင်းတော်ကြီးတွေ နုစဉ်အခါ ပါရမီဖြည့်ရစဉ်အချိန်တွေတု န်းက လူဖြစ်လိုက်၊ တိရစ္ဆန်ဖြစ်လိုက်၊ လူဆိုးဖြစ်လိုက်၊ လူယုတ်မာဖြစ်လိုက် အမျိုးမျိုးကျင်လည်ခဲ့ကြရတာ တွေ ရှိခဲ့တာပဲ။ ဒါကြောင့် သူ့အပေါ်မှာ လေးလေးစားစားဆက်ဆံရမယ်၊ တန်ဖိုးထားဆက်ဆံရမယ်၊ အကြင်နာမေတ္တာထား ဆက်ဆံရမယ်၊ သူ့ဘက်ကဆိုးနေရင်တောင် ကိုယ့်ဘက်က အတတ်နိုင်ဆုံး သည်းခံဆက်ဆံရမယ် ဆိုတာမျိုးလေး တွေးပေးနိုင်လာကြရင် လူ့လောကဟာ ပိုပြီး သာယာအေးချမ်းလာနိုင်ဖို့ရှိပါမယ်။
စာဖတ်သူ မိတ်ဆွေအနေနှင့် ကိုယ့်စိတ်ကို ပြန်ကြည့်ပါ။ ငါ့မှာ ဗောဓိ မျိုးစေ့လေး တစ်ခုရှိနေပါတယ်။ အဲဒီမျိုးစေ့လေးကို ရေလောင်းပေါင်းသင်လို့ သစ်ပင်ကြီးတစ်ပင်အဖြစ် ဝေေ၀ဆာဆာနှင့် ရှင်သန်လာအောင် ပြုစုပျိုးထောင်စောင့်ရှော က်ပေးဖို့ ကိုယ့်မှာ တာဝန်အပြည့်ရှိနေပါတယ်။ ဒီတာဝန်ကို လိုလိုချင်ချင်နှင့် ယူလိုက်ပါ။ ပေါ့ပေါ့ဆဆ မေ့မေ့လျှော့လျှော့ မနေလိုက်ပါနဲ့ လို့ မေတ္တာ ရှေ့ ထား မှာလိုက်ချင်ပါတယ်ခင်ဗျာ။
ခင်မင်လေးစားစွာဖြင့်
ဝိမုတ္တိသုခ
၃၀၊ ၁၁၊ ၂၀၁၆။
ဗုဒ္ဓဘာသာဝင်တိုင်း ဘုရားရှင်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်တယ်
တစ်ချိန်မှာ ရှင်ဘုရင်ဖြစ်ဖို့ ကျိန်းသေနေတဲ့ အိမ်ရှေ့ မင်းသားတစ်ပါးဟာ မင်းသားဘ၀မှာကတည်းက ကိုယ်အုပ်ချုပ်ရမယ့် တိုင်းပြည်နှင့်ပတ်သက်ပြီး သိသင့်သိထိုက်တာတွေ၊ ဘုရင်တစ်ပါးအနေနှင့် တတ်မြောက်ရမယ့် အတတ်ပညာတွေကို ကျွမ်းကျွမ်းကျင်ကျင်နာလည်ေ
တစ်ချိန်မှာ နိုင်ငံတစ်ခုရဲ့  အထွဋ်အထိပ် သမ္မတဖြစ်ဖို့ စိတ်ကူးမျှော်လင့်ချက်ရှိထားတဲ့ နိုင်ငံရေးသမားတစ်ယောက်ဆိုရ
အဲဒီဥပမာတွေအတိုင်းလိုပါပဲ။
မဟာယာနဗုဒ္ဓဘာသာအလိုမရ ထင်ရှားရှိတဲ့ သတ္တ၀ါတိုင်းမှာ Buddha Nature ဆိုတဲ့ ဗုဒ္ဓသဘာဝဆိုတာ ကိန်းအောင်းနေကြတယ်လို့ဆိုတ
မဟာယာနဗုဒ္ဓဘာသာမှာ သတ္တ၀ါတစ်ဦးစီရဲ့  နောက်ဆုံးပန်းတိုင်အနေနှင့်
(၁) သမ္မာသမ္ဗုဒ္ဓ ဘုရားဆု
(၂) ပစ္စေကဗုဒ္ဓ ဆု
(၃) အဂ္ဂသာဝက ဆု
(၄) မဟာသာဝက ဆု
(၅) ပကတိသာဝက ဆု
ဆိုပြီး ငါးမျိုး ရွေးချယ်နိုင်ပါတယ်။ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေအနေနှ
တကယ်က ဒီဗောဓိဆုတွေဆိုတာ တခြားမှာရှိနေတာမဟုတ်ပါဘူး
ဆုငါးဆုထဲက ကြီးကြီးမားမားဆုကြီးတွေကို
ဘုရားရှင် သတ်မှတ်ထားပေးခဲ့တဲ့ ပါရမီ(၁၀)ပါးကို အကုန်လုံး မဖြည့်နိုင်ရင်တောင် အနည်းဆုံး တစ်ခုကိုရွေးချယ်ပြီး တစ်သက်ပတ်လုံး ကြိုးစားဖြည့်ဆည်းရင်း မိမိတို့ရဲ့  ဗောဓိမျိုးစေ့လေးကို အပင်ပေါက်ကြီးထွားလာအောင် ပြုစုပျိုးထောင်ပေးကြရမယ့်
တကယ်တော့ ကိုယ့်အထွာနှင့်ကိုယ် အားလုံးမှာ ပါရမီဖြည့်ရမယ့်တာဝန်ရှိနေပ
တစ်ဦးနှင့်တစ်ဦးဆက်ဆံရာမှ
စာဖတ်သူ မိတ်ဆွေအနေနှင့် ကိုယ့်စိတ်ကို ပြန်ကြည့်ပါ။ ငါ့မှာ ဗောဓိ မျိုးစေ့လေး တစ်ခုရှိနေပါတယ်။ အဲဒီမျိုးစေ့လေးကို ရေလောင်းပေါင်းသင်လို့ သစ်ပင်ကြီးတစ်ပင်အဖြစ် ဝေေ၀ဆာဆာနှင့် ရှင်သန်လာအောင် ပြုစုပျိုးထောင်စောင့်ရှော
ခင်မင်လေးစားစွာဖြင့်
ဝိမုတ္တိသုခ
၃၀၊ ၁၁၊ ၂၀၁၆။
ဆက်လက်ဖတ်ရှုရန်


