ရုပ်နဲ့ နာမ်ဟာ သဘာဝတရား
တရားဆိုတာသဘော။ သဘောဆိုတာလဲ တရားပါပဲ။ ( ၂ ) မျိုးပေါင်းလိုက်တော့ တရားသဘော။ သဘောတရား မဟုတ်လား။ ဘုန်းကြီးတို့ သူတော်စင်တွေ သဘောတရားဆိုတဲ့ သဘာဝတရားဟာ ရုပ်နဲ့  နာမ်ပါပဲ။ အဲဒီ ရုပ်နဲ့ နာမ်ဟာလည်း သစ္စာဖွဲ့ လိုက်တော့ လေးပါးရတယ်။ သစ္စာလေးပါးသိအောင် ၀ိပဿနာတရားကို ကြိုးစား အားထုတ်ရတယ်။
ပွား - သိ - ပယ် - ဆိုက်
သစ္စာလေးပါးဆိုတာ အကျဉ်းချုပ်လိုက်တော့ သိ - ပယ် - ဆိုက် -ပွား ပေါ့။ ဒုက္ခသစ္စာကို ပိုင်းခြားသိခြင်း။ သမုဒယသစ္စာကိုပယ်ခြင်း၊ နိရောဓသစ္စာကို ဆိုက်ရောက်ခြင်း။ မဂ္ဂသစ္စာကို ပွားများအားထုတ်ရခြင်း လို့ 
ဆိုလိုပါတယ်။ ဒါက ဒေသနက္ကမ ( ဒေသနာဟောစဉ် ) အားဖြင့် ပြဆိုခြင်းဖြစ်တယ်။ တကယ်တန်း အလုပ်ခွင်ကျတော့ ပွား - သိ - ပယ် - ဆိုက် လို့  မှတ်ကြရမယ်။
ဗုဒ္ဓလမ်းစဉ်
ဗုဒ္ဓလမ်းစဉ်ရဲ့  အစဟာ သရဏဂုံသုံးပါးပဲ၊ အဆုံးတော့ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်း၊ ဆိုက်ရောက်ခြင်းဖြစ်တယ်၊ ဗုဒ္ဓလမ်းစဉ်အတိုင်း လျှောက်လှမ်းနေသူဟာ လူ့ ဘ၀တွင် အသာဆုံး၊ အမြတ်ဆုံး
ဖြစ်ပါတယ်။
Thursday, June 25, 2009
သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၈)
Subscribe to:
Post Comments (Atom)


No comments:
Post a Comment