ဒီညနေ အီးမေးလ်စစ်တော့မှ ဘုန်းဘုန်း (ပန်းကမ္ဘာ) ဆီက ပို့ လိုက်တဲ့ မွေးနေ့ အမှတ်တရ ကဗျာလေးဖတ်ရပြီး ဒီနေ့ ဘုန်းဘုန်း မွေးနေ့ မှန်း သိရပါတယ်။ ကြိုမသိတော့ ဘုန်းဘုန်းအတွက် မွေးနေ့ အမှတ်တရ ဖြစ်အောင် တစ်ခုခုရေးပေးဖို့ အချိန်မရလိုက်ဘူးဖြစ်သွားတယ်။ ဘုန်းဘုန်းနှင့် အွန်လိုင်းမှာတွေ့ တော့ မှီသေးတယ်။ အမှတ်တရဖြစ်အောင် ရေးပါလို့  တိုက်တွန်းတာနှင့် အခု ဒီပို့ စ်ကို ဘုန်းဘုန်းမွေးနေ့ အတွက် အချိန်မီ ကတိုက်ကရိုက် ရေးဖြစ်ပါတယ်။
ကျွန်တော့်မှာ အကျင့်တစ်ခုရှိပါတယ်။ ကောင်းလား မကောင်းလားတော့မသိပါဘူး။ ဘာလဲဆိုတော့ အကြောင်းအရာတစ်ခုကိုစဉ်းစားဖြစ် ရင် တစ်ဆုံးတွေးတတ်တာရယ်၊ ဆန့် ကျင်ဘက် ဖြစ်နိုင်ချေကို ချက်ချင်း တွေးတတ်တာရယ်၊ ကိုးရိုးကားယား တွေးပြီးပုံဖော်တတ်တာရယ်ပါ။ ငယ်ငယ်ကလေးဘ၀တုန်းက အဲလိုတွေးဖြစ်လို့  လူကြီးတွေ ကို ထုတ်ပြောမိရင် အဆဲခံထိတတ်ပါတယ်။ ဒီကောင် မဟုတ်တာတွေ လျှောက်ပြောတယ်ဆိုပြီးတော့။ ကြီးလာတဲ့အချိန်ကျတော့ ပါးစပ်ကတော့ထုတ်မပြောဖြစ်တော့ပါ ဘူး။ ဒါပေမယ့် ကိုယ့်ဖာသာတွေးပြီး ပြုံးစိပြုံးစိဖြစ်နေတတ်ပါတယ်။
အခုလည်း ဘုန်းဘုန်းက မွေးနေ့ လို့ ပြောလိုက်တော့ ခေါင်းထဲချက်ချင်းရောက်လာတာ ဆန့် ကျင်ဘက် သေခြင်းတရားအကြောင်းပါဘဲ။ အမှန်က သေခြင်းတရားနှင့် ပတ်သက်ရင် တော်တော်လေး စိတ်ဝင်စားတတ်တာ ကျွန်တော့်အကျင့်တစ်ခုပါဘဲ။ တစ်နေ့ ကတောင် You Tube မှာ သေခါနီးလူတွေရဲ့ နောက်ဆုံးအချိန်မိနစ်ပိုင်းလေး တွေကို အမှတ်တရရိုက်ထားတာတွေ ရှာကြည့်ဖြစ်ပါသေးတယ်။ တော်တော်လေး သံဝေဂရမိပါတယ်။ သေတော့မယ်ဆိုတာ သိနေပြီဖြစ်တဲ့လူတွေရဲ့ နောက်ဆုံးမြင်ရတဲ့မြင်ကွင်း၊ သူတို့ တွေရဲ့  စိတ်ခံစားမှု၊ စိုးရိမ်ကြောင့်ကြဖြစ်နေမှုတွေကို ကွက်ကွက်ကွင်းကွင်းမြင်နေရပါတယ် ။
တကယ်တော့ နှစ်တိုင်းကျရောက်လာတဲ့ မွေးနေ့ ဆိုတာကို ကျွန်တော်ကတော့ Stopwatch နာရီရဲ့  သတိပေးသံလို့ မြင်ပါတယ်။ Stopwatch နာရီရဲ့ သဘောက ဥပမာ ၁၅မိနစ်စာ ချိန်ထားမယ်ဆိုရင် စစချင်းမှာ ၁၅မိနစ်ကနေစပြီး တဖြည်းဖြည်းစက္ကန့် လေးတွေလျော့လာပါတယ်။ တစ်မိနစ်ပြည့်တိုင်း တစ်ခါအသံပြုတတ်ပါတယ်။ ဒီလိုနှင့် သုညစက္ကန့် ဖြစ်တဲ့အခါကျတော့ အသံအရှည်ကြီးမြည်ပါတော့တယ်။ ကျွန်တော်တို့ ရဲ့ အသက်ရှင်မှုကလည်း အဲဒီသဘောတရားအတိုင်းလို့  ကျွန်တော်ထင်ပါတယ်။ မွေးတဲ့အချိန်ကနေ စလိုက်ပြီးတော့ သုညစက္ကန့် ဆိုတဲ့ဆီရောက်ဖို့ ခရီးနှင်နေကြတဲ့သူတွေချည်းပါဘဲ ။ Stopwatch နှင့်မတူတာတစ်ခုက သူက စစချင်း ဘယ်နှစ်မိနစ်၊ ဘယ်နှစ်နာရီကို Setting လုပ်ထားတယ်ဆိုတာ မြင်ရပေမယ့် ကျွန်တော်တို့ တွေကတော့ ကိုယ့်ဘ၀ကို Setting ဘယ်လောက်လုပ်ထားသလဲဆိုတာ မသိနိုင်၊ မမြင်နိုင်ကြပါဘူး။ ဒီလိုနှင့် မွေးလာတဲ့နေ့ ကစလို့ တစ်နှစ်ပြည့်လို့ မွေးနေ့ တစ်ခါရောက်ရင် ဘယ်နှစ်နှစ်မြောက်မွေးနေ့ ဆိုပြီး Alarm သံတစ်သံကြားရမှာဖြစ်ပါတယ်။ တကယ်တော့မွေးနေ့ ဆိုတဲ့နေ့ ဟာ သတိလက်လွတ်ပျော်ဖို့ ထက် “မင်းသေဖို့  ပိုနီးလာပြီနော်” လို့  သတိပေးလိုက်တဲ့ နေ့ တစ်ခုလို့  (Alarm သံတစ်ခုလို့ ) ကျွန်တော်တော့မြင်ပါတယ်။
ကျွန်တော်တို့ အားလုံးဟာ ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်နေရာမှာ ဘယ်လိုသေရမလဲဆိုတာ သိမှမသိနိုင်ကြတာဆိုတော့ လုပ်စရာရှိတဲ့ လုပ်သင့်လုပ်ထိုက်တဲ့ မိမိအတွက်၊ သူတစ်ပါးအတွက် အကျိုးဖြစ်စေမယ့် ကိစ္စအားလုံးကို အခုလက်ရှိအသက်ရှင်နေတဲ့အချိန်မှာ အချိန်မဆွဲ၊ အချိန်မဖြုန်းဘဲ စိတ်အား၊ ခွန်အား၊ ၀ီရိယအားအပြည့်နှင့် တစ်စိုက်မက်မက်လုပ်နေသင့်ပါတယ်။ ဒါမှသာ တစ်ချိန်ချိန် သေခြင်းတရားက ကိုယ့်ဆီရောက်လာပြီး “လာသွားစို့ ” လို့ ခေါ်တဲ့အချိန်မှာ ပေါ့ပေါ့ပါးပါးဘဲ “အိုကေလေ၊ Ready ဘဲ။ သွားတာပေါ့” ဆိုတဲ့ ပုံစံမျိုးလုပ်လို့ ရမှာဖြစ်ပါတယ်။
အချိန်မဆွဲဖို့ ၊ လုပ်စရာရှိတာကို လုပ်ဖို့ နှင့်ပတ်သက်ပြီး မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမတော်လည်း တရားတော်ထဲမှာ အထင်အရှားရှိနေပါတယ်။ အဲဒီအဆုံးအမကို ကျွန်တော်ကတော့ တော်တော်လေးကို သဘောကျနှစ်သက်မိလို့  ခဏခဏနှလုံးသွင်းဖြစ်ပါတယ်။ ဘုန်းဘုန်းအတွက်လည်း မြတ်စွာဘုရားရဲ့  အဲဒီအဆုံးအမတော်ကိုဘဲ တပည့်တော် မွေးနေ့ လက်ဆောင်အဖြစ်အမှတ်တရ ပေးလိုက်ပါတယ်ဘုရား။
ဘုန်းဘုန်း အသက်ရာကျော်ရှည်လို့  သာသနာ့အကျိုး၊ လောကလူသားများအကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးရွက်ဆောင်နိုင်ပါစေကြော င်း တပည့်တော် မေတ္တာပို့ ဆုတောင်းပါတယ် ဘုရား။
ရိုသေစွာ ရှိခိုးဦးတင်လျက်
ဝိမုတ္တိသုခ
ကျွန်တော့်မှာ အကျင့်တစ်ခုရှိပါတယ်။ ကောင်းလား မကောင်းလားတော့မသိပါဘူး။ ဘာလဲဆိုတော့ အကြောင်းအရာတစ်ခုကိုစဉ်းစားဖြစ်
အခုလည်း ဘုန်းဘုန်းက မွေးနေ့ လို့ ပြောလိုက်တော့ ခေါင်းထဲချက်ချင်းရောက်လာတာ ဆန့် ကျင်ဘက် သေခြင်းတရားအကြောင်းပါဘဲ။ အမှန်က သေခြင်းတရားနှင့် ပတ်သက်ရင် တော်တော်လေး စိတ်ဝင်စားတတ်တာ ကျွန်တော့်အကျင့်တစ်ခုပါဘဲ။ တစ်နေ့ ကတောင် You Tube မှာ သေခါနီးလူတွေရဲ့ နောက်ဆုံးအချိန်မိနစ်ပိုင်းလေး
တကယ်တော့ နှစ်တိုင်းကျရောက်လာတဲ့ မွေးနေ့ ဆိုတာကို ကျွန်တော်ကတော့ Stopwatch နာရီရဲ့  သတိပေးသံလို့ မြင်ပါတယ်။ Stopwatch နာရီရဲ့ သဘောက ဥပမာ ၁၅မိနစ်စာ ချိန်ထားမယ်ဆိုရင် စစချင်းမှာ ၁၅မိနစ်ကနေစပြီး တဖြည်းဖြည်းစက္ကန့် လေးတွေလျော့လာပါတယ်။ တစ်မိနစ်ပြည့်တိုင်း တစ်ခါအသံပြုတတ်ပါတယ်။ ဒီလိုနှင့် သုညစက္ကန့် ဖြစ်တဲ့အခါကျတော့ အသံအရှည်ကြီးမြည်ပါတော့တယ်။ ကျွန်တော်တို့ ရဲ့ အသက်ရှင်မှုကလည်း အဲဒီသဘောတရားအတိုင်းလို့  ကျွန်တော်ထင်ပါတယ်။ မွေးတဲ့အချိန်ကနေ စလိုက်ပြီးတော့ သုညစက္ကန့် ဆိုတဲ့ဆီရောက်ဖို့ ခရီးနှင်နေကြတဲ့သူတွေချည်းပါဘဲ
ကျွန်တော်တို့ အားလုံးဟာ ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်နေရာမှာ ဘယ်လိုသေရမလဲဆိုတာ သိမှမသိနိုင်ကြတာဆိုတော့ လုပ်စရာရှိတဲ့ လုပ်သင့်လုပ်ထိုက်တဲ့ မိမိအတွက်၊ သူတစ်ပါးအတွက် အကျိုးဖြစ်စေမယ့် ကိစ္စအားလုံးကို အခုလက်ရှိအသက်ရှင်နေတဲ့အချိန်မှ
အချိန်မဆွဲဖို့ ၊ လုပ်စရာရှိတာကို လုပ်ဖို့ နှင့်ပတ်သက်ပြီး မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမတော်လည်း တရားတော်ထဲမှာ အထင်အရှားရှိနေပါတယ်။ အဲဒီအဆုံးအမကို ကျွန်တော်ကတော့ တော်တော်လေးကို သဘောကျနှစ်သက်မိလို့  ခဏခဏနှလုံးသွင်းဖြစ်ပါတယ်။ ဘုန်းဘုန်းအတွက်လည်း မြတ်စွာဘုရားရဲ့  အဲဒီအဆုံးအမတော်ကိုဘဲ တပည့်တော် မွေးနေ့ လက်ဆောင်အဖြစ်အမှတ်တရ ပေးလိုက်ပါတယ်ဘုရား။
အဇ္ဇေဝ ကိစ္စမာတပ္ပံ၊ ကောဇညာ မရဏံ သုဝေ။
နဟိနော သင်္ဂရံတေန၊ မဟာသေနေန မစ္စုနာ။
(မြတ်ဗုဒ္ဓ)
Ajjeva kiccam atappam.
Ko janna maranam suve.
Na hi no sangaran tena.
Mahasenena maccuna.
(Lord Buddha)
သုဝေ= မနက်ဖြန်အခါ၌..
ဇီဝိတံဝါ= အသက်ရှင် နေရဦးမည်ကိုလည်းကောင်း...
မရဏံဝါ= သေရဦးမည်ကိုလည်းကောင်း...
ကောဇညာ= အဘယ်သူသိနိုင်ပါအံ့နည်း...
ဣတိ= ဤသို့နှလုံးသွင်း၍...
အာတပ္ပံ= ကိလေသာတို့ကို ပူလောင်စေတတ်သော ဝိပဿနာအားထုတ်မှုကို...
အဇ္ဇေဝ= နက်ဖြန် သန်ဘက် နေ့ရက်မရွှေ့ ယနေ့ပင်လျှင်...
ကိစ္စံ= မဆိုင်းမရပ် ပြုလုပ်အပ်၏...
ဟိ= နက်ဖြန် သန်ဘက် သေမည်ရှင်မည် မသိနိုင်ခြင်းအကြောင်းကား...
မဟာသေနေန= ရေ မီး လက်နက်စသည်ဖြင့် သေစေနိုင်ကြောင်းများစွာရှိသော. ..
တေနမစ္စုနာ= သေမင်းဟုခေါ်သော သေခြင်းတရားနှင့်...
နော= ငါတို့အား...
သင်္ဂရံ= ရက်ချိန်းပေးထားခြင်း တံစိုးလက်ဆောင်ပေးထားခြင်း...
နအတ္ထိ= မရှိချေ...
တသ္မာ= ထို့ကြောင့်...
သုဝေ မရဏံ= မနက်ဖြန် ရှင်ဦးမည် သေဦးမည်ကို...
ကောဇညော= ဧကန်တိတိ အဘယ်သူ သိနိုင်ပါအံ့နည်း...။
(သင်တို့ အချိန်ပြည့် နှလုံးသွင်းရမည်)
Do not procrastinate, do what should be done today, we don't know whether we will be still alive tomorrow.
Today, now, do what should be done, try to accomplish.ဘုန်းဘုန်း အသက်ရာကျော်ရှည်လို့  သာသနာ့အကျိုး၊ လောကလူသားများအကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးရွက်ဆောင်နိုင်ပါစေကြော
ရိုသေစွာ ရှိခိုးဦးတင်လျက်
ဝိမုတ္တိသုခ


No comments:
Post a Comment