၁၉။ သီလယူရုံနှင့် နိဗ္ဗာန်မရဘူး။ သမာဓိ ပညာပါ ယူသွား။
၂၀။ သီလမရှိရင် လက်မှတ်မပါဘဲ ရထားခိုးစီးတဲ့ လူလိုပဲ။ ဣနြေ္ဒရရ မနေနိုင်ဘူး။
၂၁။ သီလ သမာဓိ ပညာ ဖြစ်ဖို့ ဆိုတာ ခန္တီဆိုတဲ့ သည်းခံခြင်း အကြောင်းရင်း ပဓာန ရှိပါတယ်။ သည်းမခံနိုင်ရင် သီလတောင် စောင့်ဖို့ မဖြစ်နိုင်ဘူး။
၂၂။ သတိပဋ္ဌာန်တရား လေးပါး မပွားများလျင် သူတော်ကောင်းတရား ကြာရှည်စွာမတည်ဘူး။ သတိပဋ္ဌာန်တရား လေးပါးပွားများလျင် သူတော်ကောင်းတရား ကြာရှည်စွာတည်မယ်။
၂၃။ မိတ်ကောင်း ဆွေကောင်း ဆရာသမားကောင်းကို ပေါင်းရလို့ ရှိရင် မဖြစ်သေးတဲ့ ကုသိုလ်တရားတွေလည်း ဖြစ်ပါတယ်။ ဖြစ်ပြီးသား အကုသိုလ်တရားတွေလည်း ဆုတ်ယုတ်သွားပါတယ်။
Wednesday, January 27, 2010
ပဲနွယ်ကုန်းဆရာတော်၏ သုတပန်းခိုင် (၆)
Subscribe to:
Post Comments (Atom)


No comments:
Post a Comment