၂၄။ အပြစ်ကိုဖော်ပြပြီး အကျိုးလိုလားတဲ့စိတ်နှင့် ပြောဆိုဆုံးမတဲ့ ပုဂ္ဂိုလ်ဟာ ကြီးကြီးငယ်ငယ် ကိုယ့်ဆရာပါပဲ။
၂၅။ ဟင်းတစ်စက် လက်နှီးစုတ်ပေါ်ကျရင် မထူးခြားပေမယ့် လက်ကိုင်ပ၀ါပေါ်ကျရင်တော့ ထင်ထင်ရှားရှားကြီးဖြစ်နေတယ်။ မိမိကိုယ်ကို လက်ကိုင်ပ၀ါလို့  သဘောထားပြီး သီလလုံခြုံအောင်ထိန်းပါ။
၂၆။ ပန်းအနံ့ က လေအောက်မှာသာ ကြိုင်လှိုင်တယ်။ သီလအနံ့ ကတော့ နတ်ပြည်အထိ ကြိုင်လှိုင်တယ်။
၂၇။ အသိအမြင်မဲ့တဲ့ လူယုတ်မာတွေကို ဆရာကြီးလုပ်ပြီး အကောင်းအဆိုး အကြောင်းအကျိုးတွေ သွားမပြောနဲ့ ။ သွားပြောရင် အပြစ်ပဲရမယ်။
Tuesday, February 16, 2010
ပဲနွယ်ကုန်းဆရာတော်၏ သုတပန်းခိုင် (၇)
Subscribe to:
Post Comments (Atom)


No comments:
Post a Comment