သူတို့ တွေနဲ့ မတူချင်
ပင်လယ်ရေပြင်ကျယ်ကြီးနားရောက်တော့ လေပြင်းမုန်တိုင်းတွေ.... သဘောင်္ပျက်တာတွေကိုလည်း မြင်ယောင်ကြည့်ဖြစ်နေတယ်။ သဘောင်္ပျက်လို့  ဖောင်တစ်ခုပေါ်ရောက်နေတဲ့ လူတစ်စုအကြောင်းကိုလည်း အမှတ်ရပါရဲ့ ။ မသေမပျောက်ပဲ ဖောင်ပေါ်ရောက်တဲ့အတွက် ကံကောင်းတယ်လို့  ယူဆရမှာလား....။
ဖောင်ပေါ်မှာက လူခုနစ်ဦး။ အဲဒီခုနစ်ဦးထဲက တစ်ဦးကတော့ ကံကောင်းလို့  ဖောင်ပေါ်ရောက်နေတာလို့  မြင်ပုံမရဘူး။ သူက တစ်လောကလုံးကို အမြဲပဲ အဆိုးမြင်နေတတ်တဲ့ အဆိုးမြင်ဝါဒီ Pessimist ဖြစ်တယ်တဲ့။ လောကမှာ ကောင်းမြတ်ပါပေတယ်ဆိုတဲ့ အရာတွေဟာ တကယ်တော့ လူကို ဒုက္ခတွေပိုရောက်အောင် ဆွဲဆောင်လှည့်စားနေတာတွေဖြစ်တယ်
ဖောင်ပေါ်ကနောက်တစ်ဦးကတော့ အတ္တဗဟိုပြုသမား Egocentric အတ္တဗဟိုပြုဝါဒီ ဖြစ်တယ်။ သူ့ ရဲ့ လက်သုံးစကားကတော့ ဒီကနေ့ မှာ ရနိုင်သမျှ ကာမဂုဏ်အာရုံတွေကို ခံစားသာယာပစ်လိုက် ဆိုတာပဲတဲ့။ အခုလိုဖောင်ပေါ်ရောက်နေတုန်းမှာ
ဖောင်ပေါ်က နောက်တစ်ဦးကတော့ အကောင်းမြင်သမား Optimist ဖြစ်တယ်။ သူက အကောင်းမြင်သမားပီပီ မိုးကုတ်စက်ဝိုင်းဆီ လှမ်းမျှော်ပြီး ကမ်းကိုမြင်ရတော့မှာပါလို့  ပြောနေတယ်။
ဖောင်ပေါ်က နောက်တစ်ဦးကတော့ စူးစမ်းလေ့လာရေးသမား Observer ဖြစ်တယ်။ စူးစမ်းလေ့လာရေးသမားပီပီ သူကတော့ ပင်လယ်ရဲ့ အနေအထား၊ လှိုင်းလေတွေရဲ့ အတိုးအဆုတ်၊ ဖောင်ပေါ်ကလူတွေရဲ့  အပြုအမူ၊ အစာငတ်ရေငတ်ဖြစ်နေကြပုံ၊ ဖောင်ရဲ့ ပျက်စီးလုနီးနီး အခြေအနေ... ဒါတွေ ဒါတွေကို မှတ်တမ်းတင်ဖို့ ကြိုးစားနေတယ်။
ဖောင်ပေါ်က နောက်တစ်ဦးကတော့ အများအကျိုးဆောင်ရွက်တာ ကောင်းတယ်လို့  ယူဆတဲ့ ပရဟိတ၀ါဒီ Altruist ဖြစ်တယ်တဲ့။ ငါဟာ သူတစ်ပါးကို အကူအညီမပေးဘဲ မနေသင့်ဘူး။ သူတစ်ပါးအကျိုးကို ရွက်ဆောင်သင့်တယ်ဆိုတဲ့ အယူအဆ ခိုင်လုံဖို့ အတွက် ဆင်ခြင်ဆင်လက်တွေကို သူကရှာနေတယ်တဲ့။
ဖောင်ပေါ်ကနောက်တစ်ဦးကတော့ အဆိုးအကောင်းဟူသမျှကို ကြိတ်မှိတ်ပြီးခံတတ်သူ Stoic ဖြစ်တယ်။ သူက ဘာကိုမှ မယုံကြည်ဘူး။ သူယုံကြည်တာက ပင်လယ်ထဲ ခုန်ချပြီး ဘ၀ကိုမြန်မြန် အဆုံးစီရင်ပစ်လိုက်တော့မယ်...ဆိ
ဖောင်ပေါ်ကနောက်ဆုံးတစ်ဦးကတော့ လောကကြီးအကြောင်း ဘာဆိုဘာမှမသိတဲ့ ကလေးငယ်ကလေး ဖြစ်တယ်။ ဖောင်ရဲ့  မခိုင်ခံ့တော့တဲ့အဖြစ်၊ ညအမှောင်ထု ဖုံးလွှမ်းလာတော့မယ့်အဖြစ်ကို စိုးရိမ်ရကောင်းမှန်းလည်းမသိ။ မုန်တိုင်းလာတော့မယ့် အတိတ်နိမိတ်တွေကိုလည်း ကလေးငယ်ဟာ ကြောက်ရကောင်းမှန်းမသိဘူး။ ကလေးငယ်အတွက်တော့ ဖောင်ပျက်ရင်လည်း ပျက်တဲ့အထဲပါမယ်၊ ပင်လယ်ရေထဲကျမယ်၊ ဒီအတွက် ကလေးငယ်ဟာ တွေးလည်း မတွေးတတ်ဘူး၊ ဒီတော့ ကြောက်ရကောင်းမှန်းလည်း မသိဘူး။ စိုးရိမ်ထိတ်လန့် မှုလည်း မရှိဘူး။ အခြေအနေပေးရင်လည်း မိုးလင်းတဲ့အခါ ကမ်းခြေကို ဖောင်ဆိုက်မယ်။ ကလေးငယ်ဟာ ကမ်းပေါ်ရောက်မယ်။ ကလေးငယ်ရဲ့ ဘ၀ဟာ အခြေအနေတွေက ဖန်တီးတဲ့အတိုင်းဖြစ်မှာပဲ။
ဖောင်ပေါ်က လူခုနစ်ဦးဟာ လောကမှာရှိတဲ့ လူတွေမှာ ဖြစ်တတ်တဲ့ သဘောထားခုနစ်မျိုးကို ရည်ညွှန်းထားတာ၊ လောကနဲ့  ဘ၀ကို အကောင်းမြင်တဲ့လူရှိတယ်။ အကောင်းမြင်ပေမယ့် လက်တွေ့ မှာ ကောင်းတာ၊ မှန်တာတွေကို မလုပ်နိုင်သူ မဖြစ်ဖို့ လည်း လိုမှာပဲ။ လောကနဲ့ ဘ၀ကို အဆိုးဘက်က ကြည့်မြင်တဲ့လူလည်း ရှိတာပဲ။ အဆိုးမြင်ရာကနေပြီး စိတ်ဓါတ်တွေကျဆင်း ပြိုကွဲသွားသူမျိုး မဖြစ်ဖို့ လည်း လိုလိမ့်မယ်။ ပြီးတော့... လူ့ လောကမှာ အတ္တဗဟိုပြုသမားတွေလည်းရှိတယ်။ ဒီလူတွေကတော့ ဘယ်သူသေသေ၊ ငတေမာပြီးရော...ဆိုတာလို သူတစ်ပါးတွေ ဘယ်လိုဒုက္ခတွေရောက်ရောက်၊ ငါကောင်းစားချမ်းသာရင် ပြီးရောဆိုပြီး သဘောထားတယ်၊ ဒိသဘောထားနဲ့  ကိုယ့်အကျိုးစီးပွားကိုပဲ ရှာရင်း လောကကြီးကို အရုပ်ဆိုးအောင် လုပ်ကြတယ်။
ပရသမားကတော့ အများအကျိုးသယ်ပိုးခြင်းဟာ ကောင်းတယ်လို့ မြင်တယ်။ ဒါပေမယ့် ပရသမားအရေအတွက်က လူ့ လောကမှာ အရေအတွေက်အားဖြင့် သိပ်ကိုနည်းတယ်ဆိုတာ တွေ့ နိုင်တယ်။
ဖောင်ပေါ်က ကလေးငယ်လို ဘာကိုမှ အလေးအနက်မသိသူ...ဘာကိုမှ အလေးအနက်မထားသူ...ဖြစ်သလို ကြုံသလို နေသူတွေလည်းရှိမယ်။ ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန်ပျက်၊ သူ့ သဘောသူ ဆောင်သွားလိမ့်မယ်လို့  သဘောထားသူတွေလည်း ရှိမယ်။ အများကြီး ရှိနေကြလိမ့်မယ်... လို့  တွေးရင်း...
ဖောင်ပေါ်က လူအမျိုးအစား ခုနစ်မျိုးထဲမှာ ငါ....ဘယ်အမျိုးအစားမှာ ပါသလဲ...လို့ တွေးတယ်၊ ဘယ်အမျိုးအစားထဲမှာမှ မပါချင်ဘူးလို့  စိတ်ထဲမှာ ပြောလည်း ပြောလိုက်ရော....ကျောက်ဆောင်ကို
နန္ဒာသိန်းဇံ
အင်တာဗျူးဂျာနယ်၊ နံပါတ် ၁၂၁ (၃.၄.၂၀၀၂)
“သမုဒ်ပင်လယ်ပြာ နှိုင်းပမာ” စာအုပ်မှ ကူးယူ ဖော်ပြပါသည်။



No comments:
Post a Comment