ကိုယ့်သန္တန်မှာ ကုသိုလ်ဓါတ်ဖြစ်ပွားဖို့အတွက်က လိုရင်းပဲ။ နားလည်ပြီလား....။
အဲဒီတော့ တစ်ဘက်သားကို နှလုံးအေးအောင်၊ စိတ်တိုင်းကျအောင် မေတ္တာနှင့် ယှဉ်ပြီးတော့ကာ ချစ်တဲ့စိတ်နှင့် ပွားရမှာ။
အဲဒီတော့
ချစ်တဲ့စိတ် ပေါ်လာရင် ပေးရတာလည်း ၀န်မလေးတော့ဘူး။ နည်းနည်းချစ်ရင်
နည်းနည်း ပေးနိုင်တယ်၊ များများချစ်ရင် များများပေးနိုင်တယ်။ တအားချစ်ရင်
အသက်ပါပေးနိုင်တယ်။ သဘောပေါက်လား။ ချစ်တဲ့စိတ်သာ ပေါ်ပါစေ။ ဒါလိုရင်း
အချက်ပဲ။ ဒီတော့ ကုသိုလ်အားလုံးရဲ့  လိုရင်းအချက်ဟာ မေတ္တာပဲ။
သဘောပေါက်ပြီနော်။ လိုရင်းဟာ ဘာတဲ့တုန်း။ မေတ္တာ…။
တကယ်ချစ်တဲ့စိတ်
ထားရမယ်နော်။ မိခင်ဟာ တစ်ဦးတည်းသော သားလေးအပေါ်မှာချစ်တဲ့စိတ်မျိုးတဲ့၊
အသက်ပါပေးတဲ့ စိတ်မျိုးဖြစ်နေတာ။ အဲဒီစိတ်မျိုးနဲ့ သတ္တ၀ါများအပေါ်မှာ
ထားရမယ်။ အပိုင်းအခြားမရှိ ထားရမယ်။ ငါ့မိသားစု၊ သူ့မိသားစု နယ်နိမိတ်
မခြားရဘူးတဲ့။ အဲဒီစိတ်မျိုး ထားနိုင်ပြီဆိုရင် ကျန်တဲ့ဒါနကအစ ပါရမီအကုန်
အောင်တာပဲ။ ပုညဆိုတဲ့ ကောင်းမှုဝင်တော့မှာပဲ။ နားလည်ပြီလား။
အဲဒီတော့
ဘယ်သူ့အပေါ်ကိုဖြစ်ဖြစ် ကြည့်လိုက်လို့ရှိုရင် အပြစ်မရှာရဘူး၊
အမုန်းမထားရဘူး။ နားလည်ပြီလား။ အတင်းမပြောရဘူး၊ စိတ်ထဲကလည်း မပြောရဘူး၊
ပါးစပ်ကလည်း မပြောရဘူးနော်။ ချစ်တတ်အောင် ကြိုးစားရတယ်။ နားလည်
ခွင့်လွှတ်ပြီးတော့ ရင်ထဲမှာ တန်ဖိုးထားရမယ်။
ဒီနေရာမှာ
မေတ္တာနဲ့ ချစ်ပုံချစ်နည်းက (တခြားချစ်ပုံချစ်နည်းတွေနှင့်) မတူဘူးနော် ။
သေချာမှတ်ပါ။ အခု ဘုန်းဘုန်းတို့ သိတာတွေနဲ့ တခြားစီပဲနော်။ ကုသိုလ်ရဲ့ 
အခြေခံလေးကို သေချာမှတ်ကြ။
ဒီကုသိုလ်ဓါတ် ဖြစ်ဖို့အရေးက
မေတ္တာဓါတ် အခြေခံမှရတာတဲ့။ မေတ္တာဆိုတာ ပါဠိစကားဖြစ်နေတယ်။ ဒါကို
ဘာသာပြန်ရတာ အင်မတန် ခက်တယ်။ ဘုရားပေးတဲ့ ဥပမာနဲ့မှ သဘောပေါက်မှာနော်။
မိခင်က သားလေး တစ်ယောက်ထဲ ရထားတဲ့အပေါ်မှာ ထားတဲ့ မေတ္တာမျိုး ဆိုတော့ကာ
အချက်တွေက ဆရာတော်ကြီးတွေ ကြိုးစား ပြန်ကြတာနော်။ ကိုယ့်သားလေးကို
ကြည့်ပြီးတော့ကာ မတောင်းပဲနဲ့ ကလေးလေးက ဆယ်လသားဆိုရင် စကားမပြောတတ်သေးဘူး။
သို့သော် ကလေးငိုတာနဲ့ အမူအယာကြည့်ပြီးတော့ကာ ကလေးရင်ထဲမှာ
ဘာလိုနေတယ်ဆိုတာကို ဖော်နိုင်ကြတယ်။ သဘောပေါက်ရဲ့လား။ အဲဒီတော့
ကိုယ့်ကိုယ်နဲ့ သူ့စိတ် စိတ်ဝင်စားနိုင်ရမယ်။
အဲဒီတော့ ၁) က
ကိုယ့်ကိုယ်နဲ့သူ့စိတ် ဖြစ်နေတယ်လို့ မှတ်ရမယ်။ ကိုယ်လုံးကတော့
ကိုယ့်ကိုယ်ပဲ။ စိတ်က သူ့စိတ်တဲ့။ အဲဒီလိုနေနိုင်မယ်ဆိုရင် မေတ္တာရဲ့ 
အခြေခံ အကြောင်းတစ်ချက်ပေါ်လာတယ်။
ပြီးရင် ၂) က တစ်ဖက်သားကို
တကယ်တန်ဖိုးထားရမှာ။ တန်ဖိုးထားရမှာနော်။ ကိုယ့်သားသမီးလေးတွေ ဘယ်လောက်
အရုပ်ဆိုးဆိုး ချစ်တာပဲ။ တန်ဖိုးထားတာပဲ။ ဘယ်လောက်မိုက်မိုက်
တန်ဖိုးထားကြတယ်မဟုတ်လား။ အဲဒီအတိုင်းပဲ။ တကယ်တန်ဖိုးထားရမှာ။ တဖက်သားကို
တန်ဖိုးထားပြီး တကယ်ချစ်ရမယ်။ စိတ်ဝင်စားရမှာ။ နားလည်ပြီနော်။ တဖက်သားကို
ဂုဏ်ပျက်အောင် တန်ဖိုးကျအောင် မတွေးရဘူး။ မပြောရဘူး။ တန်ဖိုးမချပစ်ရဘူး။
မုန်းရင် တန်ဖိုးချပစ်တာ။ အလကားပါကွာ။ ဘယ်လောက်ရှိရှိ။ ဒီလိုဟာ
တန်ဖိုးချတာ။ နားလည်မလား။ အဲဒီလိုမျိုးမရှိရဘူး။ တန်ဖိုးချရင် ကိုယ့်စိတ်က
စွမ်းအားကျသွားပြီ။ အပူဓါတ်ထွက်ပြီ။ တန်ခိုးကျတော့မယ်။ တူသော
အကျိုးပေးလိမ့်မယ်။ ကိုယ့်ကိုမုန်းတဲ့ သူတွေပေါ်လာတော့မှာပဲ။ နားလည်မလား။
ဒီ(ကိုယ်)ထဲစွမ်းအားမဟုတ်တာ ၀င်သွားတာကိုး။ စိတ်အစာ စားမှားသွားတာကိုး။
သဘောပေါက်ရဲ့ လား။ သေချာမှတ်နော်။
ပြီးရင် ၃) က
တန်ဖိုးထားတဲ့ အပြင်မှာ တန်ဖိုးထားရင် မှားချင်သလောက် မှားပါစေ။
နားလည်ခွင့်လွှတ်ရမယ်။ နားလည်ခွင့်လွှတ်တဲ့စိတ် ရှိကိုရှိရမယ်။
ကိုယ့်ကိုယ်ကအစနော်။ အကုန်လုံး ခွင့်လွှတ်ရမှာနော်။ နားလည်ခွင့်လွှတ်ရမှာ။
အဲ… ခွင့်မလွှတ်နိုင်ဘူးဆိုရင်တော့ ပူနေမှာပဲ။ အရာရာကို နားလည်
ခွင့်လွှတ်ပေးနိုင်ကြတဲ့စိတ်က မိခင်စိတ်ပဲ။ သားသမီးတွေ ဘယ်လောက်ဆိုးဆိုး
နားလည်ခွင့်လွှတ်ကြတာပဲနော်။ ဘယ်လောက်မှားမှား၊ ကြိုက်သလောက်မှား။
တစ်ခါမှားလည်းပဲ ပြောသာပြောတာ။ ခွင့်လွှတ်တာပဲ။ နှစ်ခါမှားလည်း
ခွင့်လွှတ်ပဲ။ ဆယ်ခါမှားလည်း ခွင့်လွှတ်ပဲ။ သေသည်အထိ ခွင့်လွှတ်တုန်းပဲ။
ခွင့်လွှတ်လို့ မဆုံးမှ မဆုံးနိုင်တာနော်။ သူက မေတ္တာအားကိုး။
သဘောပေါက်ရဲ့လား။ မေတ္တာတကယ် ရှိသွားရင် နားလည်ခွင့်လွှတ် နိုင်ကြတယ်။
ခွင့်မလွှတ်တော့ဘူး။ တစ်သက်လုံးမုန်းတယ်ဆိုရင် ဒါမေတ္တာ ကင်းမဲ့သွားလို့။
အဲဒီအမုန်းဓါတ်ဝင်ရင် ကိုယ်ပဲစွမ်းအားကျသွားတာပဲ။ သဘောပေါက်လား။
အားလုံးအပေါ်ကို တန်ဖိုးထားရမယ်။ တကယ်ချစ်ရမယ်၊ နားလည် ခွင့်လွှတ်တတ်ရမယ်။
ပြီးရင်
နံပါတ်၎) က ကောင်းစားစေချင်တဲ့စိတ် မလျှော့ရဘူး။ သူ့အပေါ်
တိုးတက်ကောင်းမွန်တာကိုပဲ တောင့်တရမယ်။ ကောင်းစားစေလိုသောစိတ်တဲ့။
အမြဲရှိရမယ်။
ဒါကိုယ့်ကိုယ်ကို ကြိုးစားကြ။ ကိုယ့်ကိုယ်နဲ့
သူ့စိတ်နော်။ စိတ်ဝင်စားပြီးတော့ တကယ်တန်ဖိုးထားရမယ်၊ ကောင်းစားစေလိုတဲ့
စိတ်ရှိရမယ်၊ နားလည်ခွင့်လွှတ်ရမှာနော်။ အဲဒီလိုစိတ်မျိုးနဲ့ တကယ်ချစ်ရမှာ၊
တကယ်တန်ဖိုးထားရမှာ။ အဲဒီစိတ်သာ ဘုန်းဘုန်းတို့မွေး။ အကုန်အောင်မြင်ပြီသာ
မှတ်တော့။ နားလည်မလား၊ ကောင်းပြီနော်။ မခက်ဘူးနော်။
များသောအားဖြင့်
လူတွေက ကိုယ့်အကြောင်းကိုပဲ စိတ်ဝင်စားပြီးတော့ ကိုယ့်ကိုယ်နဲ့ကိုယ့်စိတ်
လုပ်နေကြတာ။ ဒီကစတာ။ အဲဒါ မာနသမားတွေ၊ အယူသမားတွေ။ နားလည်မယ်နော်။
ကိုယ်ဖြစ်ချင်တာပဲ လျှောက်တွေးနေတော့ ကိုယ့်ကိုယ်နဲ့ကိုယ်စိတ်။ သူများဘက်က
လှည့်မစဉ်းစားဘူး၊ ဘယ်တော့မှ မအောင်ဘူး၊ နားလည်မလား။
အပူဓါတ်ပဲထွက်နေမှာပဲ။ အဲ…ဖြစ်ရမှာက ကိုယ့်ကိုယ်နဲ့ သူစိတ်ဖြစ်ရမှာ။
စိတ်ဝင်စားပြီးတော့ တဖက်သားရင်ထဲအေးအောင် ဘာလုပ်ပေးရမလဲဆိုပြီး
တန်ဖိုးထားပြီးတော့ကာ ကောင်းစားစေချင်တဲ့စိတ်ကို မွေးရမှာ။ မှားလည်းပဲ
နားလည်ခွင့်လွှတ်တယ်။ ပြီးတာ ပြီးခဲ့ပြီ။ ထားပစ်ခဲ့။ တအားချစ်နေရမှာ။
အဲဒီစိတ်မျိုး များများ ထားနိုင်လို့ရှိရင် ဒါနက အစ အကုန်အောင်ပြီပဲ။
အောင်ရင် စွမ်းအား ပြည့်လာတာပဲ။ ဘုရားအလောင်းတော်တွေလည်း ကျင့်ခဲ့ကြတာ
ဒီကစတာပဲ။ သဘောပေါက်ပြီလား။ အဲဒီတော့ ရုပ်တွေကအစ အကုန်ကြည်လင်ပြီး
ပြောင်းတော့တာပဲ။ ရပြီနော်။
ဒါက နိယာမတရားကြီးတဲ့။
ကမ္ဘာ့အစဉ်အလာ နိယာမတရားကြီးတဲ့။ လမ်းဟောင်းကြီးခေါ်တယ်။ ဘုရား၊
ပစ္စေကဗုဒ္ဓတွေလည်း ဒီကပဲ သွားတာပဲ။ နိဗ္ဗာန်လမ်းအထိ ပေါက်တာနော်။
အောင်မြင်တဲ့ပုဂ္ဂိုလ်တိုင်းက ဒီကချည်းသွားတာပဲ။ အဲ…ဆန့်ကျင်ဘက်
ကျင့်တဲ့ပုဂ္ဂိုလ်ကတော့ ဆုံးရှံးတဲ့အထဲမှာ အကုန်ပါတာပဲ။
အပယ်လေးပါးသွားကြမှာပဲ။
Typed By: M.Pyone



No comments:
Post a Comment