ညီမတော် Monica Pyone ရဲ့  အမှတ်တရ ပေးတဲ့ မွေးနေ့လက်ဆောင် တရားတော်ပါ။ နာယူကြည်ညိုနိုင်အောင် ထပ်ဆင့်ဝေမျှလိုက်ပါတယ် ခင်ဗျာ။
***********************************************
အခုနေမွန်းတည့်ချိန် ရောက်နေတဲ့ ကိုဝိကို မွေးနေ့လက်ဆောင် အဖြစ် အိမ်အပြန်မျက်နှာပန်းလှပစေဖို့ ဆရာတော်ဘုရားကြီးရဲ့  “ဘ၀နေမ၀င်မီ တရားတော်” ကိုနာရအောင် ပို့ပေးလိုက်ပါတယ်ကိုဝိ။
ကိုဝိ ဆရာတော်ဘုရားကြီး တရားထဲကလို “ရှင်ရင်လည်:မသေတဲ့သူ၊ သေရင်လည်းမသေတဲ့သူဖြစ်အောင်” “ရှင်ရင်လည်းသေတဲ့သူ၊ သေရင်လည်းသေတဲ့သူ မဖြစ်အောင် ” သတိတရားတွေပြည့်စုံပြီး ကြိုးစား အားထုတ်နိုင်တဲ့သူ ဖြစ်ပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
“၀မ်းစာရှာထွက်ပြီးတော့ တစ်နေ၀င်ရင်တော့ ကိုယ့်အိမ်ကို တစ်ခေါက်ပြန်ရစမြဲ။ အဲ...နေ၀င်အိမ်ပြန်လို့ ကိုယ့် လွယ်အိတ်ထဲမှာ၊ ကိုယ့်တောင်းထဲ၊ ကိုယ့်ပလုံးထဲမှာ မယ်မယ်ရရ စားစရာ၊သောက်စရာ၊ သုံးစရာမပါရင် အိမ်ပြန် မျက်နှာပန်းလှပါ့လား?အေး....လူ့ဘ၀လည်း ဒီအတိုင်း တစ်ဘ၀နေပြီးရင် တစ်ဘ၀သေရအုံးမှာပဲ။ တို့သေရွာပြန်ရအုံးမှာ။”(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)


No comments:
Post a Comment