ထွက်ပေါက်
-------------
-------------
တချို့ က ဘာသာရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထွက်ပေါက်ကို ရှာကြတယ်။
တချို့ ကတော့ အပျော်အပါးတွေနှင့် ထွက်ပေါက်ကို ရှာတယ်။
တချို့ ကတော့ Online မှာ လူပေါင်းစုံနှင့် အခြေအတင်ပြောတာကနေ ထွက်ပေါက်ကိုရှာတယ်။

တချို့ က Cappuccino တစ်ခွက်နှင့် Marlboro သာရှိနေရင် ဘ၀ဟာ ပြီးပြည့်စုံသတဲ့။
တချို့ က Mac Book တစ်လုံးသာ ရှိရင် ကျန်တာ အရာရာ စွန့်လွှတ်ရဲတယ်တဲ့။
တချို့ ကတော့ Note II လေးနှင့်မှ ဘာမဆို အဆင်ပြေနိုင်မယ်တဲ့။

ဝိဝေက ရမလားရယ်လို့ ခရီးရှည် နှင်ကြတဲ့ သူတွေလည်း ရှိတယ်။
ပရဟိတသမားအဖြစ်နှင့် ဘ၀ခရီးထွင်ကြတဲ့သူတွေလည်း ရှိတယ်။
အနုပညာနှင့် ဘ၀ကို ရောမွှေနေကြတဲ့သူတွေလည်း ရှိတယ်။

နည်းပညာကိုသာ ဘုရားအဖြစ်နှင့် ကိုးကွယ်နေကြတဲ့သူတွေလည်း အများကြီး။
သူများတွေ မမြင်အောင် တိတ်တိတ်လေး အွန်လိုင်းတက်ချောင်းကြတဲ့သူတွေလည်း အများကြီး။

ထွက်ပေါက်တွေကတော့ ပတ်ချာလည်မှာ ၀ိုင်းပြီး ကိုယ်လာမှာကို စောင့်နေလေရဲ့ ။
အပြင်ကို တကယ် ရောက်မရောက်ဆိုတာတော့ ကိုယ်တိုင်ထွက်ကြည့်မှ သိရမှာမျိုးများလား တွေးမိတယ်။

ဒီနေ့ ဂျပန်လူမျိုးတွေကတော့ ရထားသံလမ်းတွေမှာ သူတို့ရဲ့  ထွက်ပေါက်ကို ရှာတွေ့သွားကြတယ်။
အင်း.... အခုနေများ ကိုယ်ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ရွေးပါလို့ဆိုလာရင်....

No comments:
Post a Comment