အသံဟာ လူကို တော်တော် မအီမသာ ဖြစ်စေတယ်၊၊ အသံဆူညံတဲ့ နေရာမှာ နေရတဲ့သူဟာ စိတ် ပိုတိုတယ်၊၊ အသံဆူညံတဲ့ နေရာမှာ နေတဲ့သူဟာ သတိ ပိုမေ့တတ်တယ်တဲ့၊ အလုပ်တွေ မှားတယ်တဲ့၊၊
အသံဆူညံလို့ အိပ်ရေး ပျက်တာဟာ ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေတယ်၊၊ ဒါကြောင့် တချို့ နိုင်ငံတွေမှာ အသံဆူညံမှု ထိန်းသိမ်းရေးဆိုတာကို အခု တော်တော်ကိုပဲ ကြိုးစားနေတယ်၊၊ မြန်မာပြည်မှာလည်း အသံဆူညံမှု ထိန်းသိမ်းရေး ဆိုတာမျိုး လုပ်သင့်တယ်၊၊ ရန်ကုန်မြို့မှာ အသံမျိုးစုံ ဆူညံတယ်၊၊
Noise pollution has become a major problem.
ဆူညံသံဆိုတဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုဟာ ကြီးမားတဲ့ ပြဿနာ ဖြစ်လာပြီ၊၊
တိတ်ဆိတ်မှုဟာ သန့်ရှင်းမှုတမျိုး ဖြစ်တယ်၊၊ ဆူညံသံ ညစ်ညမ်းမှုဆိုတာကို တော်တော် လေးလေးနက်နက် စဉ်းစားသင့်တဲ့အချက် ဖြစ်တယ်၊၊ အသံချဲ့စက် ဝယ်နိုင်တဲ့သူတိုင်း ကိုယ်ကြိုက်သလို အသံကျယ်ကျယ် ဆူညံသံကို လုပ်ခွင့်ရနေတာဟာ ညစ်ညမ်းမှုကို လုပ်ခွင့် ရနေတာပါပဲ၊၊
တိတ်ဆိတ်တဲ့ အချိန် တိတ်ဆိတ်တဲ့ နေရာ ဆိုတာ တော်တော်ရှားသွားပြီ၊၊ တိတ်ဆိတ်မှုဟာ အသိဉာဏ် လေးနက်မှု အတွက် အရေးကြီးတယ် ဆိုတာကို မသိကြတော့ဘူး၊၊
Silence and serenity are an essential part of beauty.
တိတ်ဆိတ်နေခြင်း အေးချမ်းနေခြင်း ငြိမ်သက်နေခြင်းဟာ လှပခြင်းရဲ့ အနှစ်သာရတစ်ခု ဖြစ်ပါတယ်၊၊
ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ )
“ တွေးမိတိုင်းပျော်တယ် ”
စာအုပ်မှ ကောက်နုတ်ချက်

No comments:
Post a Comment