ဗုဒ္ဓဘာသာဝင်တွေ သြကာသကန်တော့ချိုးနှင့် ဘုရားရှိခိုးကြတဲ့အခါမှာ ရွတ်ဆိုဆုတောင်းကြတဲ့ ဗျသနတရား (၅)ပါး ကို အားလုံး သိထားကြမှာပါ။ မြန်မာလိုအဓိပ္ပါယ်ပြန်ရင်တေ
၁။ ဉာတိဗျသန = ဆွေမျိုးပျက်စီးခြင်း။
၂။ ဘောဂဗျသန = စည်းစိမ်ပျက်စီးခြင်း။
၃။ ရောဂဗျသန = ရောဂါနှိပ်စက်၍ပျက်စီးခြင်း
၎။ ဒိဋ္ဌိဗျသန = အယူလွဲမှား၍ပျက်စီးခြင်း။
၅။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း။
တို့ ဖြစ်ပါတယ်။ ဒီတရား ငါးပါးဘေးကနေ ကင်းလွတ်ခွင့်ရဖို့ ဗုဒ္ဓဘာသာဝင်များ ဘုရားရှိခိုးရင်း ဆုတောင်းတတ်ကြပါတယ်။
ဒါပေမယ့်လည်း လူရယ်လို့ဖြစ်လာပြီဆိုရင် ဒီပျက်စီးခြင်း (၅)ပါး ဘေးကနေ လွတ်ကင်းဖို့ဆိုတာ တကယ်တော့ မဖြစ်နိုင်ပါဘူး။
လူတိုင်း ဆွေမျိုးပျက်စီးခြင်းဆိုတဲ့
ကိုယ်ရှာဖွေစုဆောင်းထားတဲ့ စည်းစိမ်ဥစ္စာတွေ၊ ပိုင်ဆိုင်မှုတွေ ဆိုတာဟာလည်း ရန်သူမျိုးငါးပါးဘေးရန်ကြော
အနာရောဂါကြောင့် ပျက်စီးရတယ် ဆိုတာဟာလည်း အထူးပြောနေစရာလိုမယ်မထင်ပါဘ
ဒီပျက်စီးခြင်း(၃)မျိုးထဲက တစ်ခုခုနှင့် ကြုံလာကြပြီဆိုရင် လူအများစုဖြစ်တတ်တာကတော့ စိုးရိမ်ပူပန်မှုတွေ ဖြစ်တတ်ကြတယ်။ ငိုကြွေးတတ်ကြတယ်။ ဆောက်တည်ရာမရဖြစ်တတ်ကြတယ်။ ဒါပေမယ့်လည်း ဒီပျက်စီးမှု (၃) မျိုးလုံးဟာ ကိုယ်က ပြုပြင်စီမံလို့မရပဲ သဘာဝနှင့် ကံအကျိုးပေးတရားတွေကြောင့် ဖြစ်လာကြတာမို့ ဘယ်သူမှ ရှောင်လွှဲလို့ မရသလို မဆုံပါရစေနှင့်လို့ ဆုတောင်းနေလို့လည်း ဆုတောင်း မပြည့်နိုင်ပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ လူတိုင်း ကြုံတွေ့ကြရမှာ ကျိန်းသေပါပဲ။
ကိုယ့်ရဲ့  စဉ်းစားတွေးခေါ်နိုင်တဲ့ ဉာဏ်ရည် မပြည့်စုံမှု၊ ဆရာတင်မှားမှု၊ မိရိုးဖလာအစွဲအလန်းကြီးမှု၊ တယူသန်မှု စတာတွေကြောင့် ဘ၀မှာ သတိမထားမိပဲ အတွေးအခေါ်အယူအဆ လွဲမှားမှုဆိုတာမျိုး ဖြစ်တတ်ကြပါတယ်။ ဒီလို အယူလွဲမှုကြောင့် လောကီ၊ လောကုတ် အဘက်ဘက်မှာ အကျိုးယုတ်လျှော့ပျက်စီးရမှုဒဏ်ကို ခံစားရတတ်ပါတယ်။ မကောင်းတာကို ကောင်းတယ်ထင်ပြီး စွဲစွဲမြဲမြဲ လုပ်နေမိတတ်ပါတယ်။ တခါတလေလည်း တချိန်ချိန်မှာ မကောင်းတာ ဖြစ်လာမယ်မှန်း သိသိနှင့် လတ်တလောကောင်းနေတဲ့အပေါ်မှာ သာယာပြီး လုပ်နေမိတတ်တာမျိုးလည်း ရှိနေတတ်ပါသေးတယ်။
သီလမှာ ရှောင်ရမယ့် သီလနှင့် ဆောင်ရမယ့်သီလ ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ များသောအားဖြင့်တော့ လူတွေက ရှောင်ရမယ့် သီလလောက်ကိုသာ အပြောများတတ်ပါတယ်။ သီလကို ရှောင်ရမယ့် သီလတစ်ခုတည်းပဲ ပြောမယ်ဆို မပြည့်စုံနိုင်ပါဘူး။ ဆောင်ရမယ့် သီလကိုလည်း လိုက်နာကျင့်ဆောင်ဖို့ လိုအပ်ပါသေးတယ်။ ဗုဒ္ဓအဆုံးအမတော်အရပြောမယ်ဆိ
ဒီ ပျက်စီးခြင်း (၂) မျိုး မဖြစ်အောင်ကတော့ ကိုယ်တိုင်က သတိထားပြီး ကြိုးစားထိမ်းသိမ်းမယ်ဆိုရင
ဆွေမျိုးမိဘတွေ ပျက်စီးဆုံးရှုံးရတဲ့အခါ၊ စည်းစိမ်ဥစ္စာတွေ ပျက်စီးဆုံးရှုံးတဲ့အခါ၊ အနာရောဂါနှိပ်စက်တဲ့အခါမှာ လူတွေ ငိုကြွေးတတ်ကြပေမယ့် အသိအမြင် အယူအဆ လွဲမှားသွားတဲ့အခါ၊ ထိန်းသိမ်းရမယ့် သီလတစ်ပါးပါး ကျိုးပေါက်တဲ့အခါမှာတော့ ငိုတဲ့သူ တစ်ယောက်မှ မရှိတတ်တာ သတိပြုမိကြမှာပါ။ ဒီနေ့တော့ ငါ လိမ်ပြောလိုက်မိလို့ သီလဗျသန ဖြစ်ရလေခြင်းဆိုပြီး ငိုတဲ့သူ မရှိပါဘူး။
ဗုဒ္ဓရဲ့  အဆုံးအမတော်အတိုင်း စဉ်းစားကြည့်မယ်ဆိုရင် မိသားစု ဆွေမျိုးတွေပျက်စီးလို့၊ ပစ္စည်းဥစ္စာတွေပျက်စီးဆုံးရံ
ဒါကြောင့် ဗျသနတရား (၅) ပါးကို သေသေချာချာနားလည်သဘောပေါက်ြ
(ပါချုပ်ဆရာတော်ကြီး၏ တရားတော်မှ တဆင့် သင့်လျှော်သလို ပြန်လည် ကောက်နုတ်ရေးသား ဖော်ပြခြင်း ဖြစ်ပါသည်။)



No comments:
Post a Comment