တကယ်လို့များ ဆား လက်တဆုပ်စာလောက်ကို သောက်ရေခွက်တစ်ခွက်ထဲထည့်လိုက်မယ်ဆိုရင် အဲဒီခွက်ထဲကရေဟာ သောက်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူး။
ဒါပေမယ့် အဲဒီဆားကိုဘဲ မြစ်ထဲသွားထည့်လိုက်တဲ့အခါ မြစ်ထဲကရေကို လူတွေဟာ ချက်ဖို့၊ လျှော်ဖို့ သောက်သုံးဖို့အတွက် ဆက်ပြီး အသုံးပြုလို့ ရနေကြတယ်။
မြစ်ဆိုတာမျိုးက အရွယ်အစားအားဖြင့် ကြီးမားတယ်။ လက်ခံပေးနိုင်တဲ့၊ ဆီးကြိုထွေးပွေ့နိုင်တဲ့၊ ပြောင်းလဲပုံဖော်ပေးနိုင်တဲ့ စွမ်းအင်တွေ သူ့ဆီမှာ ရှိနေတယ်။
ကျွနု်ပ်တို့ရဲ့  စိတ်နှလုံး သေးငယ်နေချိန်တွေမှာ နားလည်ပေးနိုင်မှုနှင့် ကရုဏာတရားဟာ အကန့်အသတ်နှင့်ဖြစ်နေတာမို့ တစ်ခုခုဆို နာကျင်ခံစားမှု ဖြစ်လွယ်ကြတယ်။
တခြားသူတွေနှင့် သူတို့ရဲ့  အားနည်းမှု၊ ချို့ ယွင်းမှုတွေအပေါ်မှာ လက်ခံမပေးနိုင်သလို၊ သည်းခံလည်း မပေးနိုင်ပဲ သူတို့ဘက်က ပြောင်းလဲပေးလာဖို့ကိုပဲ တောင်းဆိုနေတတ်ကြတယ်။
ဒါပေမယ့် ကျွန်ုပ်တို့ရဲ့  စိတ်နှလုံး ကြီးမားလာချိန်မှာတော့ တခြားသူတွေရဲ့  ဒီအပြုအမူဆိုးတွေဟာ ကိုယ့်အတွက် အကြီးအကျယ် နာကျင်ခံခက် ထပ်ပြီး ဖြစ်မလာစေတော့ဘူး။
နားလည်မှုတွေ၊ ကရုဏာတရားတွေနှင့် သူတို့တွေကို လက်ခံထွေးပွေ့ပေးနိုင်လာတော့တယ်။
တခြားသူတွေအပေါ် သူတို့ရဲ့  ရပ်တည်မှုပုံစံ အရှိကို အရှိအတိုင်းပဲ လက်ခံပေးနိုင်လာပြီး ကောင်းတဲ့ဘက်ကို သူတို့ ပြောင်းလဲလာနိုင်စေဖို့ အခွင့်အလမ်းတွေ ရရှိလာစေတယ်။
Thich Nhat Hanh
Sunday, June 14, 2015
ဆားနှင့် ရေ
Subscribe to:
Post Comments (Atom)


No comments:
Post a Comment