ယခင်နေ့မှ အဆက်
(၅)
ဒီလိုနဲ့ နှစ်တွေကုန်လွန်လာပြီးတဲ့ေ နာက်မှာ အားနက်စ်လေးရဲ့  ကလေးဘ၀လေးဟာလည်း ကုန်ဆုံးသွားခဲ့တယ်။ အခုဆိုရင် သူဟာ လူပျိုပေါက်အရွယ်လူငယ်လေးတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ဒီဒေသမှာ နေထိုင်ကြတဲ့သူတွေက သူ့ကို နဲနဲတော့ စိတ်ဝင်စားကြတယ်။ သူ့မှာ တခြား ထွေထွေထူးထူး သတိပြုမိစရာ ဘာမှမရှိပေမယ့် သူများနှင့်မတူပဲ နေ့တိုင်းအလုပ်ပြီးတာနဲ့  သူတစ်ယောက်ထဲခွဲထွက်သွားပြီး တောင်ထိပ်ဆီက ကျောက်သားမျက်နှာကြီးကို ငေးစိုက်ကြည့်နေတတ်လို့ပါ ပဲ။ အားလုံးကတော့ ဒါကို ရူးမိုက်မှုတစ်ခုလို့ပဲ ယူဆကြတယ်။ ဒါပေမယ့် အားနက်စ်လေးဟာ ဒီအမူအကျင့်လေးကလွဲရင် ရိုးသားတာ၊ ကြိုးစားတာ၊ ဖော်ရွေတတ်တာ၊ တာဝန်သိတတ်တာတွေကြောင့် ဘယ်သူကမှ သူ့ကို အပြစ်ရယ်လို့ မပြောကြဘူး။
သူတို့သိမထားတာက ဒီကျောက်သားမျက်နှာကြီးဟာ အားနက်စ်လေးကို အသိပညာတွေ သင်ပေးနေတဲ့ ဆရာလိုမျိုး ဖြစ်နေတယ်ဆိုတာရယ်၊ ဒီမျက်နှာကြီးပေါ်မှာ ထင်ရှားပေါ်လွင်နေတဲ့ ကြင်နာသနားတတ်ပုံ၊ ပညာကြီးပုံ စတဲ့ သွင်ပြင်လက္ခဏာတွေဟာ အားနက်စ်ရဲ့ ရင်ထဲကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်သွားပြီး သူ့ကို တခြားသူတွေနှင့်မတူတဲ့ မေတ္တကရုဏာကြီးမားတဲ့သူတစ်ေ ယာက် ဖြစ်လာစေတယ် ဆိုတာရယ်ပဲဖြစ်ပါတယ်။
နောက်ပြီး သူတို့မသိကြတာတစ်ခုက ဒီလိုကျောက်သားမျက်နှာကြီး ကို ကြည့်ရင်းနှင့် ပညာရှာတာဟာ အားနက်စ်အတွက်တော့ တခြားစာအုပ်တွေကို လေ့လာဆည်းပူးတာထက်၊ တခြားလူတွေရဲ့  ဘ၀ကို လေ့လာအတုယူပြီး နေထိုင်တာထက် ပိုပြီး သာလွန်ကောင်းမွန်တယ်ဆိုတာပါပဲ။ တခြားသူတွေနှင့်အတူရှိနေချိ န်တွေထက် သူတစ်ယောက်ထဲ ရှိနေတဲ့အချိန်တွေမှာ ဒီလိုမေတ္တာကရုဏာတရားတွေ အလိုလို သူ့စိတ်ထဲဖြစ်ပေါ်ရောက်ရှိလာ တတ်တာကို အားနက်စ်ကိုယ်တိုင်တောင်မှ သတိမထားမိခဲ့ပါဘူး။ သူ့ဆီမှာ သူ့အမေသူ့ကိုပုံပြင်လေြးေ ပာပြခဲ့တဲ့အချိန်ကစလို့ ဘယ်အချိန်မှာများ ဒီလွင်ပြင်ကြီးကို အပေါ်ကနေစီးမိုးကြည့်နေတဲ့ ကျောက်သားမျက်နှာကြီးနှင့် ပုံစံတူတဲ့လူသားရောက်ရှိလာမ လဲဆိုတဲ့ အဖြေကို သိချင်တဲ့ ရိုးရှင်းတဲ့စိတ်တစ်ခုကလွဲလို့ တခြားဘာမှ ရှိမနေခဲ့တော့ပါဘူး။
အဲဒီအချိန်အတောအတွင်းမှာပဲ မစ္စတာဂယ်သာဂိုးလ်တစ်ယောက်ဟာလည်း ကွယ်လွန်အနိစ္စရောက်သွားခြဲ့ ပီဖြစ်ပါတယ်။ ထူးဆန်းတာက သူကွယ်လွန်ချိန်မှာ သူပိုင်ဆိုင်ခဲ့တဲ့ ပစ္စည်းဥစ္စာတွေ ဘာတစ်ခုမှ မရှိတော့တာပါပဲ။ သူ့မှာပိုင်ဆိုင်တာဆိုလို့ အရိုးပေါ်အရေတင်နေတဲ့ ၀ါဖျော့ဖျာ့ကျုံလှီတဲ့ခန္ဓာကိုယ်တစ်ခုကလွဲလို့ ဘာမှ မရှိတော့ဘူး။ သူပိုင်ဆိုင်တဲ့ရွှေတွေလည်း အကုန်လက်လွှတ်ဆုံးရှုံးသွား ခဲ့ရပြီး သူ့ကို မအောင်မြင်တော့တဲ့ ကုန်သည်တစ်ယောက်အဖြစ်ပဲ သိကြတော့တယ်။ လူတွေကလည်း သူ့ကို ကျောက်သားမျက်နှာနှင့်တူပါတ ယ်လို့ ဘယ်သူကမှ ချီးမွှမ်းတောပနာမပြုကြတော့ဘူး။ သူရောဂါစဖြစ်ပြီး မသေခင်အချိန်မှာတင်ကိုပဲ လူတွေ သူ့ကို မေ့မေ့ပျောက်ပျောက်ဖြစ်ကုန်ကြပြီ။ သူဆောက်လုပ်ခဲ့တဲ့ ခမ်းနားထည်ဝါလှပတဲ့ နန်းဆောင်အိမ်ကြီးဟာလည်း အခုဆိုရင် တည်းခိုခန်းဟိုတယ်တစ်ခုအ ဖြစ် အသုံးပြုလိုက်ကြပြီဖြစ်တယ် ။ နွေရာသီမှာ သဘာဝရှုမျှော်ခင်းတွေလေ့လာဖို့၊ ကျောက်တောင်ပေါ်ကမျက်နှာကြီး ကို ကြည့်ရှုဖို့ ဒီအရပ်ကို လာလည်ကြတဲ့ ဧည့်သည်တွေအတွက် တည်းခိုစရာ နေရတာတစ်ခု ဖြစ်သွားခဲ့ပါပြီ။ ဒီလိုနဲ့ပဲ မစ္စတာဂယ်သာဂိုးလ်ကို ကျောက်သားမျက်နှာကြီးနှင့်တူတဲ့လူလို့ သတ်မှတ်ချီးမြှောက်ထားရာကနေ ဖယ်ရှားလိုက်ကြပြီဖြစ်ပြီး တဘောင်ထဲမှာ ပြောထားတဲ့ တကယ့်ကျောက်သားမျက်နှာနှင့် တူတဲ့လူကို အားလုံးက ထပ်ပြီး မျှော်လင့်စောင့်စားနေကြပါတော့ တယ်။
to be continued.......
Nathaniel Hawthorne ရဲ့  The Great Stone Face ကို ဆီလျှော်အောင်ဘာသာ ပြန်ဆိုပါသည်။
(၅)
ဒီလိုနဲ့ နှစ်တွေကုန်လွန်လာပြီးတဲ့ေ
သူတို့သိမထားတာက ဒီကျောက်သားမျက်နှာကြီးဟာ အားနက်စ်လေးကို အသိပညာတွေ သင်ပေးနေတဲ့ ဆရာလိုမျိုး ဖြစ်နေတယ်ဆိုတာရယ်၊ ဒီမျက်နှာကြီးပေါ်မှာ ထင်ရှားပေါ်လွင်နေတဲ့ ကြင်နာသနားတတ်ပုံ၊ ပညာကြီးပုံ စတဲ့ သွင်ပြင်လက္ခဏာတွေဟာ အားနက်စ်ရဲ့ ရင်ထဲကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်သွားပြီး
နောက်ပြီး သူတို့မသိကြတာတစ်ခုက ဒီလိုကျောက်သားမျက်နှာကြီး
အဲဒီအချိန်အတောအတွင်းမှာပဲ မစ္စတာဂယ်သာဂိုးလ်တစ်ယောက်ဟ
to be continued.......
Nathaniel Hawthorne ရဲ့  The Great Stone Face ကို ဆီလျှော်အောင်ဘာသာ ပြန်ဆိုပါသည်။



No comments:
Post a Comment