မှန်းထားတဲ့ မနက်ဖြန်
ကိုယ်ထင်သလို မဖြစ်တတ်လည်း
ပူပင်မီးကို မမြှိက်
ဒီကနေ့ပဲ အစပြုတာ ကောင်းပါတယ်။
ဓားသွားထက်က ပျားရည်
ကိုယ့်ထိရှမယ် သိနေနှင့်လည်း
ချိုမြိန်'အခု'ကို တိမ်းမူး
မတွန့်ပဲ လျက်လိုက်တာ ကောင်းပါတယ်။
လျှောက်နေရတဲ့ ဤခရီး
မြေပုံညွှန်း လွင့်ကျခဲ့လည်း
ပြန်လှည့်လို့ မရတဲ့အခိုက်
မဆုတ်တမ်း ဆက်လျှောက်တာ ကောင်းပါတယ်။
~ 秋十七 ~



No comments:
Post a Comment