(၈)
ဒီလိုနဲ့ နှစ်ကာလများစွာဟာ လျှင်လျှင်မြန်မြန် တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ကုန်လွန်ဖြတ်သန်းသွားခဲ့တယ် ။ အားနက်စ်ဟာလည်း သူ့ရဲဇာတိမြေ လွင်ပြင်ဒေသမှာ ဆက်လက် နေထိုင်ရင်း လူလတ်ပိုင်းအရွယ်ကို ရောက်လာခဲ့ပြီ ဖြစ်တယ်။
မသိလိုက်မသိဖာသာ အနေအထားကနေပဲ သူ့ကို လူတွေ တဖြေးဖြေး သိသိလာကြတယ်။ အဲဒီအချိန်ထိ သူဟာ သူအမြဲလုပ်လာခဲ့တဲ့အတိုင်း သူ့အားသူကိုး၊ သူ့ဝမ်းသူကျောင်းအသက်မွေးပြီး ရိုးရှင်းတဲ့ စိတ်နှလုံးသား ပိုင်ရှင်တစ်ယောက်ပါပဲ။ ဒါပေမယ့် သူဟာသိပ်ကိုသိမြင်ခံစားတတ်၊ ဆင်ခြင်သုံးသပ်တတ်လေ့ရှိတယ် ။ ကြည့်ရတာမှာ သူဟာ ကောင်းကင်တမန်တွေနဲ့ပါ စကားစမြည်ပြောရင်း သူတို့ဆီက အမြော်အမြင်တွေ စိမ့်ဝင်ပူးပေါင်းထားများသွားသလားရယ်လို့တောင် ထင်မှတ်မှားမိစရာပါပဲ။
အားနက်စ်ဟာ လောကအကျိုးအတွက် အချိန်ပေးပြီး စဉ်းစားဆင်ခြင် မျှော်မှန်းထားတာတွေကို လူတွေကို မျှဝေပေးတတ်တယ်။ သူ့ရဲ့ နေ့စဉ်ဘဝမှာ လူတွေအပေါ် စိတ်သဘောထား မှန်မှန်နဲ့ အဘက်ဘက်က ရက်ရက်ရောရော မျှဝေကူညီတတ်တာဟာ မြင်သာ ထင်ရှားလှတယ်။ သူဟာ ထောင်လွှားမှုကင်းတယ်၊ သူ့ဘဝကိုသူရှင်သန်နေထိုင်တယ်။ သူလိုလူ ရှိနေလို့ လောကရဲ့နေ့ရက်တွေဟာ ပိုမိုကောင်းမွန်လာတယ်။ သူဟာ သူ့လမ်းနဲ့သူ မသွေမစောင်း လျှောက်လှမ်းတယ်။ အဲဒီလိုပဲ သူ့အနီးအနားလူတွေအပေါ် ကူညီစောင့်ရှောက်ခြင်းမှာလည်း မပျက်ကွက်ခဲ့ဘူး။ လာပြော နေမှမဟုတ်ပဲ လိုရင်လိုသလို သူ့ဘာသာသူ ကောင်းကျိုးဆောင်ကူညီပေးတြာ ဖစ်တယ်။ အဲဒီလိုနဲ့ပဲ အားနက်စ် ဟာ တရားဟောဆရာတစ်ဦး ဖြစ်လာခဲ့ပါတော့တယ်။
သူ့အတွေးအမြင်တွေဟာ စစ်မှန်တယ်၊ ရိုးရှင်းတယ်။ သူ့အလေ့အကျင့် လုပ်ရပ်တွေကလည်း ကောင်းမွန်တယ်။ အဲဒီလိုဖြစ်တည်မှုတွေဟာ သူဟောတဲ့တရားမှာ ကောင်းတဲ့သက်ရောက်မှုဖြစ်ပေါ် ဖို့အတွက် အကြောင်းတရားကောင်းတွေဖြစ်လာတော့တယ်။ သူပြောကြားခဲ့သမျှစကားတွေဟာ သူဟောပြောတာကိုနားထောင်သူတိုင်းရဲ့ ဘဝတွေကို ပြင်ဆင်ပုံဆောင်မှုပေးနိုင်ခဲ့တယ်။ ဖြစ်ထွန်းတိုးတတ်မှုရှိလာစေခဲ့တယ်။ အားနက်စ် ရဲ့ အနီးအပါးက လူတွေ၊ မိတ်ဆွေသူငယ်ချင်းတွေက အားနက်စ် ဟာ သာမန်လူမဟုတ်ဘူးဆိုတာကို ယုံမှားသံသယမရှိကြဘူး။ ဒါပေမယ့် အားနက်စ် ကိုယ်တိုင်ကတော့ သူ့ကိုသူ သာမန်လူတစ်ယောက်လို့ပဲ ယူဆထင်မြင်နေတတ်တယ်။
to be continued.....
Nathaniel Hawthorne ရဲ့  The Great Stone Face ကို ဆီလျှော်အောင်ဘာသာ ပြန်ဆိုပါသည်။
ဒီလိုနဲ့ နှစ်ကာလများစွာဟာ လျှင်လျှင်မြန်မြန် တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ကုန်လွန်ဖြတ်သန်းသွားခဲ့တယ်
မသိလိုက်မသိဖာသာ အနေအထားကနေပဲ သူ့ကို လူတွေ တဖြေးဖြေး သိသိလာကြတယ်။ အဲဒီအချိန်ထိ သူဟာ သူအမြဲလုပ်လာခဲ့တဲ့အတိုင်း သူ့အားသူကိုး၊ သူ့ဝမ်းသူကျောင်းအသက်မွေးပြ
အားနက်စ်ဟာ လောကအကျိုးအတွက် အချိန်ပေးပြီး စဉ်းစားဆင်ခြင် မျှော်မှန်းထားတာတွေကို လူတွေကို မျှဝေပေးတတ်တယ်။ သူ့ရဲ့ နေ့စဉ်ဘဝမှာ လူတွေအပေါ် စိတ်သဘောထား မှန်မှန်နဲ့ အဘက်ဘက်က ရက်ရက်ရောရော မျှဝေကူညီတတ်တာဟာ မြင်သာ ထင်ရှားလှတယ်။ သူဟာ ထောင်လွှားမှုကင်းတယ်၊ သူ့ဘဝကိုသူရှင်သန်နေထိုင်တယ
သူ့အတွေးအမြင်တွေဟာ စစ်မှန်တယ်၊ ရိုးရှင်းတယ်။ သူ့အလေ့အကျင့် လုပ်ရပ်တွေကလည်း ကောင်းမွန်တယ်။ အဲဒီလိုဖြစ်တည်မှုတွေဟာ သူဟောတဲ့တရားမှာ ကောင်းတဲ့သက်ရောက်မှုဖြစ်ပေါ်
to be continued.....
Nathaniel Hawthorne ရဲ့  The Great Stone Face ကို ဆီလျှော်အောင်ဘာသာ ပြန်ဆိုပါသည်။



No comments:
Post a Comment