အဖိုးအိုတစ်ယောက်က သူ့ရဲ့ မြေးလေးကို ပြောပြနေတယ်။
"ငါ့မြေးရေ။ ငါတို့အားလုံးရဲ့  ကိုယ်ထဲမှာ ၀ံပုလွေ နှစ်ကောင်ဟာ တိုက်ပွဲဖြစ်နေတတ်တယ်။"
"တစ်ကောင်က မကောင်းဆိုးရွား …။ သူဟာ …ဒေါသထွက်တာ၊ မနာလိုဝန်တိုတတ်တာ၊ လောဘကြီးတာ၊ ပူဆွေးသောကရောက်တာ၊ သိမ်ငယ်စိတ်ဖြစ်နေတာ၊ လိမ်လည်လှည့်ဖြားတာ၊ အတ္တမာနကြီးတာတို့ပဲပေါ့။"
"နောက်တစ်ကောင်ကတော့ လိမ္မာတယ်။ သူက... ပျော်ရွှင်တတ်တာ၊ ငြိမ်းငြိမ်းချမ်းချမ်းနေတာ ၊ ချစ်ခင်တတ်တာ၊ မျှော်လင့်ချက်ထားတာ၊ လူသားဆန်တာ၊ သနားကြင်နာတတ်တာ၊ ကိုယ်ချင်းစာနာတတ်တာ၊ အမှန်တရားကို မြတ်နိုးတာတို့ပေါ့။"
အဲ့ဒီအခါ မြေးလေးက အဖိုးရဲ့ စကားကို ခဏကြာအောင်စဉ်းစားပြီး ဒီလို မေးလိုက်တယ်။
"အဖိုး၊ ဘယ် ၀ံပုလွေက နိုင်သွားလဲဟင်။"
အဖိုးအိုက တိုးတိတ်စွာနှင့် ပြန်ဖြေလိုက်တာက …
"မြေးလေး အစာကျွေးလိုက်တဲ့ အကောင်ပေါ့။"
🔺
အမေရိကန်ပုံပြင်
(**ဒုတိယပိုင်း ဆက်ပါမည်။**)
"ငါ့မြေးရေ။ ငါတို့အားလုံးရဲ့  ကိုယ်ထဲမှာ ၀ံပုလွေ နှစ်ကောင်ဟာ တိုက်ပွဲဖြစ်နေတတ်တယ်။"
"တစ်ကောင်က မကောင်းဆိုးရွား …။ သူဟာ …ဒေါသထွက်တာ၊ မနာလိုဝန်တိုတတ်တာ၊ လောဘကြီးတာ၊ ပူဆွေးသောကရောက်တာ၊ သိမ်ငယ်စိတ်ဖြစ်နေတာ၊ လိမ်လည်လှည့်ဖြားတာ၊ အတ္တမာနကြီးတာတို့ပဲပေါ့။"
"နောက်တစ်ကောင်ကတော့ လိမ္မာတယ်။ သူက... ပျော်ရွှင်တတ်တာ၊ ငြိမ်းငြိမ်းချမ်းချမ်းနေတာ
အဲ့ဒီအခါ မြေးလေးက အဖိုးရဲ့ စကားကို ခဏကြာအောင်စဉ်းစားပြီး ဒီလို မေးလိုက်တယ်။
"အဖိုး၊ ဘယ် ၀ံပုလွေက နိုင်သွားလဲဟင်။"
အဖိုးအိုက တိုးတိတ်စွာနှင့် ပြန်ဖြေလိုက်တာက …
"မြေးလေး အစာကျွေးလိုက်တဲ့ အကောင်ပေါ့။"
အမေရိကန်ပုံပြင်
(**ဒုတိယပိုင်း ဆက်ပါမည်။**)

No comments:
Post a Comment