(၈) တစ်ယောက်ယောက်က ကိုယ့်အပေါ်လှည့်စားသွားလို့  ငိုနေသူ သင့်အတွက်.....
တချို့ နေရာကျရင် ကိုယ့်မျက်နှာကိုယ် ခပ်နာနာလေးရိုက်ပြီး မေးခွန်းရဲရဲ မေးကြည့်စမ်းပါ။ “ကိုယ့်ရဲ့  အောင်မြင်မှု ဒါမှမဟုတ် ကျရှုံးမှုတွေဟာ ဒီလို ၀မ်းသာလုံးဆို့နေတာတွေ၊ ဒုက္ခခံစားနေတာတွေနှင့် တကယ်ထိုက်တန်ပါရဲ့ လား“ လို့။
အနှေးနှင့်အမြန်ဆိုသလိုပဲ လူတိုင်းဟာ သူတို့အကြောင်းကလွဲရင် တခြားဘာမှ မစဉ်းစားကြတော့ပါဘူး။ မင်းကတော့ ပြောမှာပဲ။ ဒါကို ကောင်းတယ် လို့။ ကောင်းတယ်ဆိုတာဘာလဲ။ မင်းကိုယ်တိုင်မှာ ကောင်းကျိုးဖြစ်မှသာ ကောင်းတာမဟုတ်လား။
ငါတို့လူတွေဟာ ဘာကြောင့် ဒီလောက်တောင်လက်လျှော့လွယ်ကြတာလဲ။ အဲဒီလို လက်လျှော့လိုက်တဲ့အခါကျရင် နဲနဲလောက် စိတ်သက်သာရာရသွားလို့ ဒါကိုပဲ စဉ်ဆက်မပြတ် အားထုတ်နေကြတာဖြစ်တယ်။
ထင်ယောင်ထင်မှားဖြစ်တယ်ဆို တာ မငြိမ်မသက်ဖြစ်တာကို ပြောတာပဲ။ ထင်ယောင်ထင်မှားဖြစ်တယ်ဆို တာဟာ အခြေအနေက ထိန်းချုပ်တာကို ခံလိုက်ရတာပဲဖြစ်တယ်။
လူတစ်ယောက်မှာ လိုအင်ဆန္ဒကြီးကြီးမားမားရှိ ပြီဆို သူ့ကို အရူးလုပ်ဖို့သိပ်လွယ်တာပဲ။ ဘာမှမလိုချင်တဲ့သူကိုကျတော့ အတော်ဆုံး ကလိန်ကကျစ်လုပ်နိုင်တဲ့သူကေ တာင် အမြတ်အစွန်းရအောင် လုပ်လို့မရဘူး။
ဗုဒ္ဓအယူဝါဒဆိုတာဟာ အတ္တကနေ ဆိတ်သုဉ်းတာ၊ ရယူဖို့ ဘာမှမရှိတာကို ဆိုလိုတယ်။ သင်ဟာ တလောကလုံးနှင့်ရော သက်ရှိအားလုံးနှင့်ပါ တစ်သားထဲဖြစ်နေရမယ်။
သက်ရှိအားလုံးဟာ အယူမှားနေကြတယ်။ ငါတို့တွေက ပျော်ရွှင်မှုဆိုတာဟာ မပျော်ရွှင်မှုကို သွားနေတယ်လို့ မြင်ကြတယ်။ ဒီအခါမှာ မပျော်ရွှင်လို့ ဆိုပြီး ငိုကြွေးတယ်လို့ဆိုပေမယ့်  တကယ်တော့ ဒီမပျော်ရွှင်မှုဟာ မပျော်ရွှင်မှုအစစ်မဟုတ်ပြန် ဘူး။ ငိုနေတဲ့ကလေးတစ်ယောက်ကို မင်းက ကွတ်ကီမုန့်လေးပေးလိုက်ရင် ကလေးဟာ ငိုနေတာကနေ ချက်ချင်းရယ်သွားတယ်ဆိုတာကို အားလုံးသိထားကြတာပဲ။ ငါတို့လူတွေပြောနေကြတဲ့ ပျော်ရွှင်မှုဆိုတာမျိုးဟာလည်း ဒီအဖြစ်အပျက်ထက် ဘာများပိုထူးသေးလို့လဲ။
(ဆက်ရန်....)
Kōdō Sawaki Rōshi
တချို့ နေရာကျရင် ကိုယ့်မျက်နှာကိုယ် ခပ်နာနာလေးရိုက်ပြီး မေးခွန်းရဲရဲ မေးကြည့်စမ်းပါ။ “ကိုယ့်ရဲ့  အောင်မြင်မှု ဒါမှမဟုတ် ကျရှုံးမှုတွေဟာ ဒီလို ၀မ်းသာလုံးဆို့နေတာတွေ၊ ဒုက္ခခံစားနေတာတွေနှင့် တကယ်ထိုက်တန်ပါရဲ့ လား“ လို့။
အနှေးနှင့်အမြန်ဆိုသလိုပဲ လူတိုင်းဟာ သူတို့အကြောင်းကလွဲရင် တခြားဘာမှ မစဉ်းစားကြတော့ပါဘူး။ မင်းကတော့ ပြောမှာပဲ။ ဒါကို ကောင်းတယ် လို့။ ကောင်းတယ်ဆိုတာဘာလဲ။ မင်းကိုယ်တိုင်မှာ ကောင်းကျိုးဖြစ်မှသာ ကောင်းတာမဟုတ်လား။
ငါတို့လူတွေဟာ ဘာကြောင့် ဒီလောက်တောင်လက်လျှော့လွယ်ကြတာလဲ။ အဲဒီလို လက်လျှော့လိုက်တဲ့အခါကျရင် နဲနဲလောက် စိတ်သက်သာရာရသွားလို့ ဒါကိုပဲ စဉ်ဆက်မပြတ် အားထုတ်နေကြတာဖြစ်တယ်။
ထင်ယောင်ထင်မှားဖြစ်တယ်ဆို
လူတစ်ယောက်မှာ လိုအင်ဆန္ဒကြီးကြီးမားမားရှိ
ဗုဒ္ဓအယူဝါဒဆိုတာဟာ အတ္တကနေ ဆိတ်သုဉ်းတာ၊ ရယူဖို့ ဘာမှမရှိတာကို ဆိုလိုတယ်။ သင်ဟာ တလောကလုံးနှင့်ရော သက်ရှိအားလုံးနှင့်ပါ တစ်သားထဲဖြစ်နေရမယ်။
သက်ရှိအားလုံးဟာ အယူမှားနေကြတယ်။ ငါတို့တွေက ပျော်ရွှင်မှုဆိုတာဟာ မပျော်ရွှင်မှုကို သွားနေတယ်လို့ မြင်ကြတယ်။ ဒီအခါမှာ မပျော်ရွှင်လို့ ဆိုပြီး ငိုကြွေးတယ်လို့ဆိုပေမယ်
(ဆက်ရန်....)
Kōdō Sawaki Rōshi

No comments:
Post a Comment