Your body is your first home:
"Breathing in, I arrive in my body.
Breathing out, I am home."
Thích Nhất Hạnh
ဗီယက်နမ်ဘုန်းတော်ကြီး ဆရာတော်သစ်နက်ဟန် (Thích Nhất Hạnh) ကို မြန်မာပြည်မှာ အများစုကတော့ ဇင်ဘုန်းတော်ကြီးတစ်ပါးအနေန
ဒါပေမယ့် ဆရာတော် TNH ရဲ့  ဟောကြားထားတဲ့ တရားတွေ၊ ရေးသားထားတဲ့ စာတွေကို လေ့လာကြည့်ကြည့်မယ်ဆိုရင်တေ
ဆရာတော် TNH သင်ပြတဲ့ တရားရှုမှတ်နည်းအချို့ ဟာ မြန်မာပြည်မှာ အရင်က ကြားဖူးနေကျမဟုတ်တဲ့ ရှုနည်း၊ မှတ်နည်းမျိုးတွေဖြစ်နေတတ်ေ
အထူးသဖြင့် ဆရာတော်သင်ပေးတတ်တာက ၀င်လေထွက်လေရှုမှတ်နည်းကို လက်ရှိအချိန်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မူတည်ပြီး၊ စိတ်ခံစားမှုပေါ်မူတည်ပြီး ပုံစံ အမျိုးမျိုးနှင့် ပြောင်းမှတ်ခိုင်းတာမျိုး၊ ပြုံးဖို့ သင်ပေးတာမျိုး၊ မုဒိတာပွားတဲ့ ရှုမှတ်နည်း၊ ကရုဏာပွားတဲ့ရှုမှတ်နည်း၊ နောက်ပြီး ကိုယ်နာကျင်မှုနှင့် စိတ်နာကျင်မှုတွေဖြစ်တဲ့အခါ ဝေဒနာအပေါ် ရှုမှတ်နည်းတွေဟာ မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့  နားမှာ ခပ်စိမ်းစိမ်းလို ဖြစ်နေမှာ အသေအချာပါဘဲ။
ဒါပေမယ့် အခုဒီဘက်နှစ်ပိုင်းတွေမှာတေ
ဆရာတော်က လူအများစု သိထား၊ နားလည်ထားပြီးသားဖြစ်တဲ့ မေတ္တာကမ္မဋ္ဌာန်းကို ဦးတည်မဟောပဲ ကရုဏာနှင့် မုဒိတာ ကမ္မဋ္ဌာန်းကို ဦးတည်ဟောတတ်ပါတယ်။ Positive Emotion, Positive Thinking, Positive Psychology စသဖြင့် ခေါင်းစဉ်တွေတပ်ပေးပြီး ကရုဏာနှင့် မုဒိတာကိုပွားတတ်အောင် ပုံစံအမျိုးမျိုးနှင့်သင်ပေ
အာနာပါနနှင့်တွဲပြီးလည်း ဒီ အနုဿတိကမ္မဋ္ဌာန်းတွေကို ပွားများတတ်အောင် သင်ပေးသွားတယ်။ နောက်ပြီး နာကျင်မှုဝေဒနာကို ကရုဏာနှင့် ဘယ်လိုကြည့်ရတယ် ဆိုတာမျိုးတွေ သင်ပြပေးတာ တွေ့ရပါတယ်။
Oxford ဆရာတော်ရဲ့  သင်ကြားပြသပေးတဲ့နည်းစနစ်တေ
အခု Oxford ဆရာတော် သင်ပေးတဲ့ လူကြီးလူငယ်အားလုံး နားလည်လွယ်ပြီး၊ လိုက်လုပ်ကြည့်ဖို့လည်း မခဲယဉ်းတဲ့ လွယ်ကူရိုးရှင်းတဲ့ ၀ိပဿနာရှုမှတ်နည်းတစ်ခုကို ပြန်လည်ဝေမျှပေးချင်ပါတယ်။
ဆရာတော်က ဒီနည်းကို 3R ရှုမှတ်နည်းလို့ပြောပါတယ်။ စစချင်းမှာ နှာသီးဝမှာ ၀င်လေထွက်လေကို မှတ်တာဘဲဖြစ်ဖြစ်၊ ၀မ်းဗိုက်မှာ ပိန်တယ်၊ ဖောင်းတယ်ကို မှတ်တာဘဲ ဖြစ်ဖြစ် တခြား မိမိတို့ နှစ်သက်ရာ သမာဓိထူထောင်တဲ့ နည်းစနစ်တစ်ခုခုကို အသုံးပြုပြီး တရားစတင်ရှုမှတ်ရမှာဖြစ်ပါတယ
အဲဒီလိုမှတ်နေရင်းက ခန္ဓာကိုယ်ပေါ်မှာ နာတာကျင်တာ၊ ကိုက်တာခဲတာ၊ ယားတာယံတာ စသဖြင့် တစ်ခုခုပေါ်လာတာဘဲဖြစ်ဖြစ်၊
ဒါကို ဆရာတော်က 'Regisiter' လုပ်တယ်လို့ သုံးပါတယ်။ မှတ်ပုံတင်လိုက်တာ၊ တနည်းကတော့ Accept လုပ်လိုက်တာ၊ လက်ခံလိုက်တာပါလို့ ပြောပါတယ်။ ငါ့ကိုယ်မှာ၊ စိတ်ထဲမှာ ဒါလေးဖြစ်သွားပါလားဆိုတာကိ
ဒီလိုသိပေးလိုက်ပြီးရင်တော့
ဒီလို Register, Release နှင့် Return Home လုပ်တဲ့ ရှုမှတ်နည်းကို 3R ရှုမှတ်နည်းလို့ ဆရာတော်က တင်စားနာမည်ပေးထားတာဖြစ်ပါတ
အခုပြောတဲ့ Oxford ဆရာတော်ရဲ့ နည်းဟာ မဟာစည်ဆရာတော်ကြီး သင်ကြားပြသတဲ့ အမှတ် နှင့် အားထုတ်နည်းနှင့်လည်း သဘောတရားတူပါတယ်။ ဆရာတော်ကြီးက ၀မ်းဗိုက်မှာ ဖောင်းတယ်ပိန်တယ် မှတ်နေရင်း ခန္ဓာကိုယ်မှာ နာလာရင် နာတယ်၊ နာတယ် မှတ်၊ တစ်ခုခုကြားရင် ကြားတယ်၊ ကြားတယ် မှတ်၊ တစ်ခုခုတွေးနေရင် တွေးတယ်၊ တွေးတယ် မှတ်။ ပြီးရင်တော့ မူလချည်တိုင်ဖြစ်တဲ့ ဖောင်းတယ်ပိန်တယ်ဆီပြန်လာပြ
ဒီ 3R နည်းဟာ မိုးကုတ်ဆရာတော်ကြီးဟောခဲ့
တကယ်တော့ ဒီ ပင့်ကူဥပမာတရားဟာ မိလိန္ဒမင်းကြီးမေးလို့ အရှင်နာဂသိန်က ရှင်းပြပေးခဲ့တဲ့ မိလိန္ဒပဥှာထဲက အမေးပုစ္ဆာတစ်ပုဒ်ပါ။ ဆိုလိုရင်းကတော့ ပင့်ကူတစ်ကောင်ဟာ ပင့်ကူအိမ်တစ်ခုဆောက်ပြီးတဲ
တရားရှုမှတ်သူဟာလည်း ဒီပင့်ကူအတိုင်းပါဘဲ။ သူ့ရဲ့  မူလကမ္မဋ္ဌာန်းဖြစ်တဲ့ ၀င်လေထွက်လေ (သို့) ပိန်တယ်ဖောင်းတယ် စသည်ကနေ ထင်ရှားပေါ်လာတဲ့ အာရုံရှိတဲ့ဆီကို စိတ်ကနေသွားပြီး သိပေးမှတ်ပေးလိုက်ပါတယ်။ အဲဒီအာရုံလေး ပျောက်သွားပြီ၊ မထင်မရှားဖြစ်သွားပြီ ဆိုရင်တော့ မူလကမ္မဋ္ဌာန်းဖြစ်တဲ့ ထွက်လေ၀င်လေ (သို့) ပိန်တယ်ဖောင်းတယ် ဆီကို ပြန်လာပြီး အရင်လို ပြန်ဆက်မှတ်နေရုံဘဲဖြစ်ပါတ
ဒီနေရာမှာ သတိပြုစရာတစ်ခုတော့ရှိပါတယ်
ဒီဥပမာအတိုင်းပါဘဲ။ တခါတလေမှာ တရားရှုမှတ်သူအနေနှင့် မူလကမ္မဋ္ဌာန်းဖြစ်တဲ့ ၀င်လေထွက်လေ၊ ဖောင်းတယ်ပိန်တယ်မှတ်နေရင်း
Oxford ဆရာတော်ပြောတဲ့ 3R ရှုမှတ်နည်းမှာပါတဲ့ Register ဆိုတဲ့စကားဟာ တရားရှုမှတ်နေတဲ့ပုဂ္ဂိုလ်အနေ
စိတ်ပညာမှာ ပြောထားတာက လူတွေမှာ သိစိတ် (Conscious Mind) နှင့် မသိစိတ် (Sub-Conscious Mind) ဆိုပြီး ရှိပါတယ်။ သိစိတ်ဟာ Short Term Memory နှင့်တူပြီးတော့ မသိစိတ် ဟာ Long Term Memory နှင့်တူပါတယ်။ သိစိတ်ထဲကို ၀င်လာတဲ့ အတွေးတွေ၊ အကြောင်းအရာတွေဟာ အသစ်အသစ်ဝင်လာတဲ့ အကြောင်းအရာတွေ များလာတဲ့အခါ အဟောင်းအဟောင်းတွေက သိပ်မကြာမီမှာပဲ ပျောက်ပျက်သွားတတ်ကြပါတယ်။ မသိစိတ်ထဲရောက်သွားတဲ့ အတွေးတွေ၊ အကြောင်းအရာတွေကတော့ ဘယ်တော့မှ မပျောက်ပျက်ပဲ တစ်သက်လုံးရှိနေမှာဖြစ်ပါတယ
တကယ်လို့ ကိုယ်မနှစ်သက်တဲ့ အာရုံတစ်ခုခုကို ရင်မဆိုင်ပဲ ရှောင်ခွာထွက်ပြေးလိုက်တဲ့အ
တကယ်လို့ ကိုယ်မနှစ်သက်တဲ့အတွေးတွေ၊ အာရုံတွေကို ပင့်ကူက ကိုယ့်ထက်ကြီးတဲ့ သားကောင်ကို ရင်ဆိုင်သလိုမျိုး သတိဦးဆောင်တဲ့ စိတ်က ပေါ်လာတဲ့ အာရုံကို သူပေါ်ပေါ်လာတိုင်း သိသိပေးမယ် (မှတ်ပေးမယ်)၊ လက်ခံပေးမယ်၊ Register လုပ်လုပ်ပေးလိုက်နိုင်မယ်ဆ
ဒီလို ကိုယ်မနှစ်သက်တဲ့ အာရုံတွေ စိတ်နှင့်ရုပ်မှာ ဖြစ်ပေါ်လာတာတွေကို ရှုမှတ်တဲ့အခါမှာ ဒေါသစိတ်မဖြစ်စေပဲ သူတို့အပေါ်မှာ မိခင်က နာကျင်ခံခက်လို့ ငိုကြွေးနေတဲ့ ကိုယ့်သားငယ်၊ သမီးငယ်လေးအပေါ်မှာ ထားတဲ့ ချစ်ခင်ယုယစိတ်၊ သနားကရုဏာစိတ်မျိုးနှင့် ကြည့်ပြီး အသိအမှတ်ပြုပေးပါလို့ Oxford ဆရာတော်က သတိပေးဆုံးမပါတယ်။ သတိနှင့် ကရုဏာနှင့် တွဲပြီး ရှုမှတ်စေလိုတာဖြစ်ပါတယ်။
“The function of mindfulness is, first, to recognize the suffering and then to take care of the suffering. The work of mindfulness is first to recognize the suffering and second to embrace it. A mother taking care of a crying baby naturally will take the child into her arms without suppressing, judging it, or ignoring the crying. Mindfulness is like that mother, recognizing and embracing suffering without judgement.
So the practice is not to fight or suppress the feeling, but rather to cradle it with a lot of tenderness. When a mother embraces her child, that energy of tenderness begins to penetrate into the body of the child. Even if the mother doesn't understand at first why the child is suffering and she needs some time to find out what the difficulty is, just her act of taking the child into her arms with tenderness can already bring relief. If we can recognize and cradle the suffering while we breathe mindfully, there is relief already.”
― Thích Nhất Hạnh, No Mud, No Lotus: The Art of Transforming Suffering
ဒီ 3R တရားရှုမှတ်နည်းဟာ အခြေခံ သမာဓိထူထောင်တာကနေ စလို့ သတိပဋ္ဌာန် လေးပါးလုံး အလုံးစုံပါဝင်တဲ့ တရားအားထုတ်ရှုမှတ်နည်းဖြစ်ပ
ဝိပဿနာကို အခုမှစအားထုတ်ကြမယ့် အခြေခံအဆင့်ယောဂီတွေ၊ တရားစိတ်ဝင်စားသူတွေ၊ ကမ္မဋ္ဌာန်းတစ်ခုခုကို စမ်းသပ်လုပ်ကြည့်ချင်သူတွေက
"I have arrived, I am home" is the shortest Dharma Talk I have ever given. "I have arrived, I am home" means "I don't want to run anymore." You need that insight in order to be truly established in the here and now, and to embrace life with all its wonders.
Thích Nhất Hạnh
လေးစားစွာဖြင့်
ဝိမုတ္တိသုခ
၃၁၊ ၃၊ ၂၀၁၉။
ဆက်လက်ဖတ်ရှုရန်




