၁၁။ စိတ်စွမ်းအားတိုးလာဖို့ ကမ္မဋ္ဌာန်းကနေ အားဖြည့်လိုသူ မင်းအတွက်
"ကမ္မဋ္ဌာန်းကနေ မင်းရဲစိတ်စွမ်းအား ပွားတိုးလာစေမယ်။"
ဒီလို မှတ်သိထားခဲ့မိရင်တော့ တကယ်စစ်မှန်တဲ့ သမာဓိနှင့် စစ်မှန်တဲ့ ကမ္မဋ္ဌာန်းဖြစ်လာဖို့ အကြောင်းမရှိတော့ပါဘူး။
စိတ်စွမ်းအင်တွေ တိုးပွားလာဖို့ တချို့လူတွေက ကမ္မဋ္ဌာန်းကနေ သွားလိုကြတယ်။ ဒါမှသာ အခွန်အခတွေ လာကောက်တဲ့သူတွေကို မှင်နဲ့ မောင်းနဲ့ ဟိန်းဟောက်လိုက်မယ်ပေါ့။ ဒီလောက်အတွက်နဲ့တော့ ကမ္မဋ္ဌာန်းကျင့်နေဖို့ မလိုပါဘူး။ တကယ့် လူတွေလိုသာ အရက်သောက်ပြီး ရမ်းပြလိုက်ရင်လည်း ဖြစ်ပါတယ်။
"ဇင် နဲ့ မင်းရဲ့ စိတ်စွမ်းအင်သတ္တိကို ပြုစုပျိုးထောင်ခြင်း အနုပညာ" ဆိုတဲ့စာအုပ်မျိုးတွေ အနားမှာတင် ရှိတတ်ကြတယ်။ အဲဒီလိုမျိုး သမာဓိတည်ထောင်တဲ့ဓလေ့မျိုးက
တချို့ကျတော့ ကြံ့ကြံ့ခံတဲ့ စိတ်ထားရဖို့ ကမ္မဋ္ဌာန်းထိုင်ကြပြန်တယ်။
စစ်မှန်တဲ့သမာဓိကို တိုးပွားအောင်ထူထောင်တယ်ဆို
အသေးမွှားဆုံးသော ပုဂ္ဂိုလ်ရေးအကြောင်းခြင်းရာ
စကားအနေနဲ့ပြောရရင် ဗုဒ္ဓဘာသာဆိုတာ ငါစွဲမရှိတာ။ "ငါစွဲမရှိ" လို့ ပြောတဲ့သဘောက၊ ငါ ဆိုတာ သပ်သပ်တည်နေတဲ့အရာမဟုတ်ပဲ လောကဓာတ် တခွင်လုံးနဲ့ ပတ်သက်စပ်ဆက်နေလို့ဖြစ်တယ်။
စစ်မှန်တဲ့ဓမ္မမှာ ရယူစရာ ဘာမှမရှိဘူး။ ရစရာတစ်ခုခုတော့ ရှိနေတယ်ဆိုရင် အယူတိမ်းနေတဲ့ဓမ္မပဲ ဖြစ်တယ်။
ဗုဒ္ဓရဲ့လမ်းစဉ်ဟာ ဘာကိုမှ ရှာဖွေစရာ မရှိသလို၊ ဘာကိုမှ ရှာတွေ့စရာလည်းမရှိပါဘူး။ တကယ်လို့ တစ်ခုခုကို ရှာတွေ့သွားပြီလို့ ဖြစ်လာရင်တော့ ကျွန်ုပ်တို့ ဘယ်လောက်ပဲ ကျင့်ကြံ အားထုတ်ထားသည် ဖြစ်နေပါစေ၊ အဲဒါဟာ ဗုဒ္ဓ ရဲ့ဓမ္မ မဟုတ်တော့ပါဘူး။ ဘာမှ ရှာတွေ့စရာ မရှိဘူးဆိုတာကမှသာ အဲဒါဟာ ဗုဒ္ဓ ရဲ့ဓမ္မပါ။
(ဆက်ရန်....)
Kōdō Sawaki Rōshi



No comments:
Post a Comment