တရား နဲ့  မတရား
မိမိနှာသီးဖျားမှာ စိတ်စိုက်ပြီးမှတ်နိုင်မှ တရား၊ မမှတ်နိုင်ရင် မတရား။ တရားမဟုတ်ရင် မတရားပဲပေါ့။ တစ်နည်းပြောရရင် မှတ်နိုင်တော့တရား၊ မမှတ်နိုင်တော့ အလကား။
အကျိုးမရှိသော အသက်ရှင်ခြင်းပဲ။
အကျိုးမရှိသော အသက်ရှင်ခြင်းပဲ။
ဓမ္မသဘော
ဘုန်းကြီးတို့  သူတော်စင်တွေ ဓမ္မသဘောဟာ အင်မတန် ဆန်းကြယ်တယ်။
အိမ်မှာနေရင် အဟုတ်သား၊ မှတ်ကြည့်မှ ခက်မှန်းသိတယ်။
မှတ်နေရင်းကနေ ကြံစည်တယ်၊ စဉ်းစားတယ်၊ တွေးတောတယ်၊ အတွေးနယ်ချဲ့ တယ်၊
အမှတ်ပျောက်တယ်၊ အမှတ်လွတ်တယ်၊ ဒီလိုမဟုတ်လား။
တရားရချင် ထိန်းလို့ ပေး
မိမိစိတ်ကို ထိန်းချုပ်မှုမရှိဘဲ လွှတ်ထားရင် အကုသိုလ်စိတ်တွေ ၀င်တတ်တယ်။
ရှုမှတ်ပွားများမှု လွတ်နေရင် တရားရမှုဝေးမယ်။
ဒါကြောင့် - ဆိုးသွမ်းနေတဲ့ မိမိစိတ်ကလေးကို တရားရချင်ရင် သတိနဲ့ အမြဲ ထိန်းချုပ်ပေးရမယ်။
မိမိစိတ်ကို ထိန်းချုပ်မှုမရှိဘဲ လွှတ်ထားရင် အကုသိုလ်စိတ်တွေ ၀င်တတ်တယ်။
ရှုမှတ်ပွားများမှု လွတ်နေရင် တရားရမှုဝေးမယ်။
ဒါကြောင့် - ဆိုးသွမ်းနေတဲ့ မိမိစိတ်ကလေးကို တရားရချင်ရင် သတိနဲ့ အမြဲ ထိန်းချုပ်ပေးရမယ်။

No comments:
Post a Comment