ခင်မင်ရတဲ့ ဓမ္မမောင်နှမတို့ ရေ.....
ပြီးခဲ့တဲ့ရက်ပိုင်းက သိလိုက်ရတဲ့ အကြောင်းလေးကို ၀မ်းသာကြည်နူးမိလို့  ဓမ္မမောင်နှမတွေကို ပြန်လည်ဝေမျှပြောပြချင်ပါတယ်။ ပို့ စ်အနေနှင့်တော့ မတင်တော့ပါဘူး။ ကာယကံရှင်က သူ့ အကြောင်းလူတွေအများကြီးသိမှာကိ
ဟိုတနေ့ က ကျွန်တော့်အမျိုးသမီးနှင့် အွန်လိုင်းတွေ့ ရင်း ပြောဖြစ်ပါတယ်။ သူ့ ဆီကို ဘုန်းဘုန်း ဦး(----) ကဖုန်းဆက်သွားကြောင်း။ အဲဒါ ဖုန်းထဲကနေ “ကိုဝိမုတ္တိရဲ့  ရိုက်ချက်ကပြင်းတယ်။ ရင်ထဲကို ဒိုင်းခနဲဖြစ်သွားတာဘဲ” လို့ ပြောသွားကြောင်း လှမ်းပြောပါတယ်။ ဒါနဲ့ ကျွန်တော်လည်း ငါ ဘုန်းဘုန်းကို ဘာများလုပ်မိလို့ ပါလိမ့်လို့ တော်တော်ဦးနှောက်စားသွားပါတယ်
“စိတ္တုပ္ပာဒ မတ္တမ္ပိ ခေါ အဟံ စုန္ဒ ကုသလေသု ဓမ္မေသု ဗဟုပကာရော ၀ဒါမိ။”
ဟိုတလောက ကျွန်တော့် ကျေးဇူးတင်လွှာမှာပါတဲ့ ပါဠိတော်လေးပါ။ အခုဒါနှင့် စပ်ဆက်တဲ့အကြောင်းလေးပါဘဲ။
ပြီးခဲ့တဲ့လဆန်းပိုင်းရက်တွေထဲ
“ကုသိုလ်ကောင်းမှုကို လုပ်မယ်လို့ စိတ်ကူးရုံမျှနဲ့  အကျိုးများလှပြီလို့  ငါဘုရားဟောတော်မူ၏”
နောက်ဆက်ပြီး အဲဒီဘုန်းဘုန်းကို ကျွန်တော်အခုလိုမျိုးလေးလည်းဘဲ တွေးဖြစ်တဲ့အကြောင်းကို ပြောလျှေက်ဖြစ်ပါတယ်။me:တပည့်ေ
ဘုန်းဘုန်း: ပြောပါအုံး။
me: အဲဒီပါဠိရဲ့ ဆန့် ကျင်ဘက်အဓိပ္ပါယ်
ဘုရားဟောထားတာ ရှိ မရှိတော့ တပည့်တော် မသိဘူးဘုရား။ ဘယ်လိုမျိုးလဲဆိုတော့
“မကောင်းမှုတစ်ခုခုကို လုပ်မယ်လို့ ကြံစည်တွေးတောရုံမျှဖြင့်..... ..”
အဲဒါလေးပါဘဲ။ ကျွန်တော်ပြောလိုက်တာ (အဲ..ကျွန်တော်ရိုက်ထည့်လိုက်တာ
အဲဒီနေရာလေးမှာ ပါဘဲ။ ဘုန်းဘုန်း Heart ထိသွားတာ။ ဇင် (Zen) ကျင့်စဉ်နှင့်ဆိုရင်တော့ အဲဒီနေရာမှာ ဆတိုးရီ (Satori) ရတာလို့ ပြောလို့ ရမယ်ထင်ပါတယ်။
အဲဒီဘုန်းဘုန်းက ကျွန်တော့်အမျိုးသမီးကို ဖုန်းထဲမှာ ဆက်မိန့် သွားတာတော့ အဲဒီပြောင်းပြန်အဓိပ္ပါယ်ကို တွေးမိတဲ့နေ့ ကစပြီးတော့ သူ ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်ဖြစ်
ကျွန်တော်ကြားရတာ မင်္ဂလာရှိလွန်းလို့  စိတ်ထဲကနေ သာဓုခေါ်ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမတော်တွေဟာ တကယ့်ကိုဘဲ ဆန်းကြယ်လွန်းလှပါတယ်။ ကျွန်တော်ဘာရယ်မဟုတ်ပြောလိုက်တဲ
ဒီ အဖြစ်အပျက်ကလေးကို ခင်မင်ရတဲ့ မောင်နှမတွေအားလုံးကို ကြည်နူးမှုဖြင့် ထပ်ဆင့်အသိပေးဝေမျှပါတယ်။ တကယ်လို့ များ ဒီဘုန်းဘုန်းလိုမျိုးဘဲ အရင်က သတိမထားမိသေးတဲ့ အသိတရားတစ်ခုခု အသစ်ဖြစ်ထွန်းသွားခဲ့မယ်ဆိုရင်ေ
အားလုံးကို ခင်မင်လေးစားလျက်


No comments:
Post a Comment