၂၈။ ဒါန၊ သီလ၊ သမထ ထက် အို နာ သေ ကင်းတဲ့ နိဗ္ဗာန်ရောက်အောင် ၀ိပဿနာတရား အားထုတ်တာက ပိုပြီးတော့ ကောင်းမြတ်ပါတယ်။
၂၉။ ကောင်းစွာထားသော စိတ်က မဂ် ဖိုလ် နိဗ္ဗာန် ဆိုတဲ့ လောကုတ္တရာ ချမ်းသာ ပြည့်စုံအောင် လုပ်ပေးနိုင်တယ်။ (စိတ်ကောင်းထားပါ။)
၃၀။ သာသနာတော်နဲ့  တွေ့ ကြုံပါလျက် နတ်ကိုးကွယ်မှုနဲ့  ကျေနပ်နေလျှင် သာသနာပ-ကလူနဲ့  ဘာမှ မထူးဘူး။
၃၁။ လောကီဘုံကြီးထဲမှာ ပုထုဇဉ်ပုဂ္ဂိုလ်တွေ အိုရတဲ့ဒုက္ခ၊ နာရတဲ့ ဒုက္ခ၊ သေရတဲ့ ဒုက္ခတွေ အမျိုးမျိုးတွေ့ ကြုံနေရတာဟာ လောကီအာရုံ ကာမဂုဏ်တွေကို ခံစားချင်တဲ့ တဏှာကြောင့်ပဲ။
၃၂။ မစင်ဆိုတာ အများကြီးရှိမှ မဟုတ်ဘူး။ နည်းနည်းလေးရှိလည်း မကောင်းတဲ့အနံ့ ထွက်တာပဲ။ ဘ၀ဆိုတာလည်း အများကြီးမှ မဟုတ်ဘူး။ တစ်ဘ၀ဆို ဆိုသလောက် ဒုက္ခတွေ အများကြီး တွေ့ ကြုံခံစားရတယ်။
Wednesday, March 10, 2010
ပဲနွယ်ကုန်းဆရာတော်၏ သုတပန်းခိုင် (၈)
Subscribe to:
Post Comments (Atom)


No comments:
Post a Comment