(၁၃)
ကဗျာဆရာဖြစ်သူက အားနက်စ် ဖတ်နေတဲ့ စာအုပ်ကို လက်ညှိုးညွှန်ပြရင်း "ခင်ဗျား ဒီကဗျာတွေကို ဖတ်နေတယ်ဆိုရင် ကျွန်တော့်ကို သိမှာပါ၊ သူတို့ကို ကျွန်တော်ရေးခဲ့တာမို့ပါ" လို့ ပြောလိုက်တယ်။
အဲဒီမှာ အားနက်စ်ဟာ ကဗျာဆရာရဲ့ မျက်နှာသွင်ပြင်ကို စူးစမ်းကြည့်ရှုရင်း ကျောက်သားမျက်နှာကြီးရှိတဲ့ ဆီကို လှည့်လိုက်တယ်။ ခေါင်းကို ခါယမ်းရင်း သက်မကိုလည်း ချလိုက်တယ်။
ကဗျာဆရာက "ဘာကိုစိတ်မကောင်းဖြစ်သွားတာလဲဗျာ" လို့ မေးလိုက်တယ်။
အားနက်စ်က "ငါ့ဘဝတလျှောက်လုံးမှာ တဘောင်ထဲမှာ ပြောထားတဲ့အတိုင်း ပြီးပြည့်စုံတဲ့သူကို မြင်ချင်လာခဲ့တယ်။ မင်းရေးတဲ့ ကဗျာတွေ ဖတ်လိုက်ရချိန်မှာတော့ မင်းဟာ တဘောင်ထဲကအတိုင်းဖြစ်လာမယ့် သူလို့ မျှော်လင့်မိခဲ့တယ်။"
"ခင်ဗျား က မျှော်လင့်စောင့်စားနေခဲ့တယ်ပေါ့" ကဗျာဆရာက ပြောလိုက်တယ်။ ခပ်ယဲ့ယဲ့ပြုံးရင်း "ကျွန်တော့်ကို ကျောက်သားမျက်နှာကြီး နဲ့ ဆင်တူတဲ့သူလို့ ဖြစ်စေချင်တာလား။ ကျွန်တော်ဟာ အဲဒီလို တူညီဖို့အတွက် မထိုက်တန်ပါဘူးဗျာ။"
"ဘာဖြစ်လို့ အဲဒီလိုမဖြစ်နိုင်ရမှာလဲ။" အားနက်စ်က ဆိုတယ်။ စာအုပ်ကိုပြရင်း "ဒီအရေးအသား အတွေးအခေါ်တွေက မထိုက်တန်ဘူးတဲ့လား။"
"ဒါတွေဟာ အဝေးတစ်နေရာ ကောင်းကင်ဘုံက တေးသွားကို ကဗျာတွေထဲကနေပြီး ကြားလိုက်ရသလို ခံစားရတာမျိုး ဖြစ်ချင်ဖြစ်နေလိမ့်မယ်။" "ဒါပေမယ့် ကျွန်တော့်ဘဝမှာကျတော့ အားနက်စ်ရေ၊ ကျွန်တော်ဟာ ကိုယ့်အတွေးအခေါ်အတိုင်း ကိုက်ညီအောင်မနေဖြစ်ခဲ့ပါဘူးဗျာ။ ကျွန်တော့်မှာလေ တကယ်ပဲ ကြီးမြတ်ခမ်းနားတဲ့ စိတ်ကူးယဉ်အိပ်မက်တွေ ရှိပါတယ်။ ဒါပေမယ့် အဲဒီအိပ်မက်တွေဟာ အိပ်မက်အတိုင်းသာ ရှိနေရစ်ခဲ့တယ်။ ကျွန်တော့်ရဲ့ စိတ်ကူးစိတ်သန်းတွေအတွက် ကျွန်တော့်မှာ ယုံကြည်ချက် ရှိမနေခဲ့ဘူး။ အဲဒီလိုလူတစ်ယောက်ကို ကောင်းမြတ်တဲ့အမှန်တရားတွေရှာဖွေနေသူ ခင်ဗျားအနေနဲ့ အဲဒီ ကျောက်သားမျက်နှာကြီးနဲ့ ဆင်တူပါတယ်လို့ ပြောနိုင်အုံးမှာလားဗျာ။" လို့ ကဗျာဆရာက ပြောလိုက်တယ်။
ဝမ်းနည်းစွာနဲ့ ကဗျာဆရာက ပြောနေရင်း မျက်ရည်တွေစီးကျလာတယ်။ အားနက်စ်လည်း အတူတူပဲ ငိုနေတော့တယ်။
ညနေစောင်းဆည်းဆာချိန်ရောက်လာတဲ့အခါမှာတော့ အဲဒီဒေသမှာ အချိန်တော်တော်ကြာကြာကတည်းက ဖြစ်လာခဲ့တဲ့ ဓလေ့ထုံးစံအတိုင်း အားနက်စ်ဟာ အနီးအပါးကလူတွေကို ကွင်းပြင်တစ်ခုထဲမှာ တွေ့ဆုံပြီးစကားပြောပေးရတယ် ။ အားနက်စ်နှင့် ကဗျာဆရာတို့ဟာ တစ်ယောက်လက်မောင်းကို တစ်ယောက်က တွဲရင်း စကားတပြောပြောနဲ့ ဆုံရပ်ရှိတဲ့နေရာဆီကို လျှောက်လာကြတယ်။ အဲဒီနေရာကနေဆို ကျောက်သားမျက်နှာကြီးကိုလည်း ကောင်းကောင်း မြင်နေရတယ်။
ပရိသတ်ကိုမြင်တော့ အားနက်စ်ဟာ သူကြည့်နေကြအတိုင်း မေတ္တာအကြင်နာတွေ ထုံမွှန်းထားတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ သူ့ စိတ်နှလုံးသားထဲမှာ အမြဲရှိနေနှင့်ပြီးသားအကြော င်းအရာတွေနှင့် သူတို့တွေကို စကားစပြောဖို့ ပြင်လိုက်တယ်။
သူ့စကားလုံးတွေမှာ ခွန်အားရှိနေတယ်၊ ဘာလို့လဲဆိုတော့ သူ့စကားလုံးတွေဟာ သူ့အတွေးစိတ်ကူးတွေနဲ့ တစ်ထပ်တည်းကျနေလို့ပဲဖြစ်တယ်။ နောက်ပြီး သူ့အတွေးစိတ်ကူးတွေဟာ အမှန်တရား နှင့် လေးနက်မှုတွေ ပါဝင်ပေါင်းစပ်နေတယ်။ ဒါဟာ ဘာဖြစ်လို့လဲဆိုရင် သူ့အတွေးအခေါ်စိတ်ကူးစိတ်သန်းတွေဟာ သူအမြဲနေထိုင်နေတဲ့ တကယ့်ဘဝနဲ့ အံဝင်ခွင်ကျလိုက်ဖက်အောင် ညှိထားပြီးသားဖြစ်နေလို့ပြဲ ဖစ်တယ်။ တရားဟောဆရာတစ်ယောက်ရဲ့ နှုတ်ကမြွတ်ကြားလိုက်တဲ့ စကားလုံးသက်သက်သာ မဟုတ်ပဲ ဘဝရဲ့ စကားလုံးတွေဖြစ်နေတယ်။ ဘာကြောင့်လဲဆိုရင် ဘ၀မှာနေထိုင်ဖို့ ကောင်းတဲ့အကျင့်အကြံတွေ၊ အတ္တမပါတဲ့ ချစ်ခြင်းမေတ္တာတရားတွေက အဲဒီစကားလုံးတွေထဲမှာ ပေါင်းစည်းပျော်ဝင်နေသေးတာေ ကြာင့်ပဲဖြစ်တယ်။
ကဗျာဆရာဟာ အားနက်စ် စကားပြောနေတာကို နားထောင်နေရင်းနဲ့ အားနက်စ်ရဲ့ အကျင့်ဂုဏ်အင်နဲ့ ဘဝကိုယ်တိုင်ကိုက သူရေးသားခဲ့ပြီးသမျှ ကဗျာတွေထက် ပိုလို့ ထူးကဲမြင့်မြတ်နေတဲ့ ကဗျာရှည်တစ်ပုဒ်ပါလားလို့ ခံစားလိုက်မိတော့တယ်။
ကဗျာဆရာရဲ့  မျက်ဝန်းမှာ မျက်ရည်တွေပြည့်လာတယ်။ အားနက်စ်ကို ငေးစိုက်ကြည့်ရင်း "ဘဝမှာ ဒီလောက် သိမ်မွေ့ပြီး စိတ်သဘောထားလည်း ပြည့်ဝ၊ အသိဉာဏ်ပါ ကုံလုံပြည့်စုံနေတဲ့ ဒီလိုပညာရှိမျိုးကို ငါ မတွေ့ဖူးခဲ့ပါလား။ မဖီးမသင်ပဲထားတဲ့ ဆံပင်တွေကလည်း ဝေ့ဝဲလို့ ဉာဏ်ပညာကြောင့် ဂုဏ်ကျက်သရေတင့်တယ်မှုမှာ ပံ့ပိုးပေးနေလေရဲ့” လို့ သူ့ဘာသာ တစ်ကိုယ်တည်း ပြောနေမိတယ်။
ညနေစောင်းရဲ့ ရွှေရောင်အလင်းတန်းအောက်မှာ ကျောက်သားမျက်နှာကြီးကို ခပ်လှမ်းလှမ်းရှိနေပေမယ့်လို့ ကဗျာဆရာဟာ သေသေချာချာကိုမြင်နေရတယ်။ မြူတွေကလည်း ကျောက်သားမျက်နှာကြီးရဲ့  ပတ်ချာလည်မှာ ဆိုင်းလို့နေတယ်။ အားနက်စ် ရဲ့ နှဖူးပေါ်က ဝဲကျနေတဲ့ အဖြူရောင်ဆံပင်တွေနဲ့တောင် သွားပြီး ဆင်တူနေသေးတော့တယ်။ မျက်နှာကြီးရဲ့  ကြင်နာရက်ရောတတ်တဲ့ သွင်ပြင်အမူအရာဟာ ကမ္ဘာလောကကြီးတစ်ခုလုံးကို ပွေ့ဖက်လိုက်တော့မယ့်အလား ထင်ယောင်မိစေတယ်။
အဲဒီ တဒင်္ဂ အခိုက်အတန့်မှာ ကဗျာဆရာဖြစ်သူဟာ မြင့်မြတ်ခမ်းနားမှု တစ်ခုခုကို တွေ့လိုက်ရတဲ့အလား မျက်နှာမှာ အရိပ်အယောင် ထင်ရှားလာပြီး၊ သူ့လက်တွေကို ဝှေ့ရမ်းကာ အော်ပြောလိုက်တယ်။ " မြင်လား" " မြင်ကြလား" "အားနက်စ် ကိုယ်တိုင်ကိုက ကျောက်သားမျက်နှာနဲ့ ဆင်တူနေတာပဲဟေ့။"
လူတွေအကုန်လုံး ကဗျာဆရာ ပြောတာကို လိုက်ကြည့်ကြပြီး သူပြောတာမှန်တယ်လို့ ထောက်ခံကြတယ်။ တဘောင်စကားဟာ မှန်သွားခဲ့ပြီဖြစ်တယ်။
ဒါပေမယ့် အားနက်စ် ကတော့ သူပြောစရာရှိတာတွေကို ပြီးအောင်ပြောတယ်။ အဲဒီနောက် ကဗျာဆရာရဲ့ လက်ကို ပြန်တွဲပြီး သူ့အိမ်ဘက်ကိုသာ ဖြည်းဖြည်းချင်း လမ်းလျှောက်ပြန်သွားတယ်။
သူ့စိတ်ထဲမှာတော့ သူ့ထက်လည်း ပိုတော်၊ သူ့ထက်လည်း ဉာဏ်အမြော်အမြင်ပိုရှိတဲ့ ကျောက်သားမျက်နှာနှင့် ဆင်တူသူ ပေါ်လာလိမ့်အုံးမှာပဲလို့ မျှော်လင့်လျက်ရှိနေသေးတုန်း ဖြစ်ပါတော့တယ်။
ပြီးပါပြီ။
Nathaniel Hawthorne ရဲ့  The Great Stone Face ကို ဆီလျှော်အောင်ဘာသာ ပြန်ဆိုပါသည်။
ကဗျာဆရာဖြစ်သူက အားနက်စ် ဖတ်နေတဲ့ စာအုပ်ကို လက်ညှိုးညွှန်ပြရင်း "ခင်ဗျား ဒီကဗျာတွေကို ဖတ်နေတယ်ဆိုရင် ကျွန်တော့်ကို သိမှာပါ၊ သူတို့ကို ကျွန်တော်ရေးခဲ့တာမို့ပါ" လို့ ပြောလိုက်တယ်။
အဲဒီမှာ အားနက်စ်ဟာ ကဗျာဆရာရဲ့ မျက်နှာသွင်ပြင်ကို စူးစမ်းကြည့်ရှုရင်း ကျောက်သားမျက်နှာကြီးရှိတဲ့
ကဗျာဆရာက "ဘာကိုစိတ်မကောင်းဖြစ်သွားတ
အားနက်စ်က "ငါ့ဘဝတလျှောက်လုံးမှာ တဘောင်ထဲမှာ ပြောထားတဲ့အတိုင်း ပြီးပြည့်စုံတဲ့သူကို မြင်ချင်လာခဲ့တယ်။ မင်းရေးတဲ့ ကဗျာတွေ ဖတ်လိုက်ရချိန်မှာတော့ မင်းဟာ တဘောင်ထဲကအတိုင်းဖြစ်လာမယ့်
"ခင်ဗျား က မျှော်လင့်စောင့်စားနေခဲ့တယ
"ဘာဖြစ်လို့ အဲဒီလိုမဖြစ်နိုင်ရမှာလဲ။" အားနက်စ်က ဆိုတယ်။ စာအုပ်ကိုပြရင်း "ဒီအရေးအသား အတွေးအခေါ်တွေက မထိုက်တန်ဘူးတဲ့လား။"
"ဒါတွေဟာ အဝေးတစ်နေရာ ကောင်းကင်ဘုံက တေးသွားကို ကဗျာတွေထဲကနေပြီး ကြားလိုက်ရသလို ခံစားရတာမျိုး ဖြစ်ချင်ဖြစ်နေလိမ့်မယ်။" "ဒါပေမယ့် ကျွန်တော့်ဘဝမှာကျတော့ အားနက်စ်ရေ၊ ကျွန်တော်ဟာ ကိုယ့်အတွေးအခေါ်အတိုင်း ကိုက်ညီအောင်မနေဖြစ်ခဲ့ပါဘူ
ဝမ်းနည်းစွာနဲ့ ကဗျာဆရာက ပြောနေရင်း မျက်ရည်တွေစီးကျလာတယ်။ အားနက်စ်လည်း အတူတူပဲ ငိုနေတော့တယ်။
ညနေစောင်းဆည်းဆာချိန်ရောက်လ
ပရိသတ်ကိုမြင်တော့ အားနက်စ်ဟာ သူကြည့်နေကြအတိုင်း မေတ္တာအကြင်နာတွေ ထုံမွှန်းထားတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ သူ့ စိတ်နှလုံးသားထဲမှာ အမြဲရှိနေနှင့်ပြီးသားအကြော
သူ့စကားလုံးတွေမှာ ခွန်အားရှိနေတယ်၊ ဘာလို့လဲဆိုတော့ သူ့စကားလုံးတွေဟာ သူ့အတွေးစိတ်ကူးတွေနဲ့ တစ်ထပ်တည်းကျနေလို့ပဲဖြစ်တယ
ကဗျာဆရာဟာ အားနက်စ် စကားပြောနေတာကို နားထောင်နေရင်းနဲ့ အားနက်စ်ရဲ့ အကျင့်ဂုဏ်အင်နဲ့ ဘဝကိုယ်တိုင်ကိုက သူရေးသားခဲ့ပြီးသမျှ ကဗျာတွေထက် ပိုလို့ ထူးကဲမြင့်မြတ်နေတဲ့ ကဗျာရှည်တစ်ပုဒ်ပါလားလို့ ခံစားလိုက်မိတော့တယ်။
ကဗျာဆရာရဲ့  မျက်ဝန်းမှာ မျက်ရည်တွေပြည့်လာတယ်။ အားနက်စ်ကို ငေးစိုက်ကြည့်ရင်း "ဘဝမှာ ဒီလောက် သိမ်မွေ့ပြီး စိတ်သဘောထားလည်း ပြည့်ဝ၊ အသိဉာဏ်ပါ ကုံလုံပြည့်စုံနေတဲ့ ဒီလိုပညာရှိမျိုးကို ငါ မတွေ့ဖူးခဲ့ပါလား။ မဖီးမသင်ပဲထားတဲ့ ဆံပင်တွေကလည်း ဝေ့ဝဲလို့ ဉာဏ်ပညာကြောင့် ဂုဏ်ကျက်သရေတင့်တယ်မှုမှာ ပံ့ပိုးပေးနေလေရဲ့” လို့ သူ့ဘာသာ တစ်ကိုယ်တည်း ပြောနေမိတယ်။
ညနေစောင်းရဲ့ ရွှေရောင်အလင်းတန်းအောက်မှာ ကျောက်သားမျက်နှာကြီးကို ခပ်လှမ်းလှမ်းရှိနေပေမယ့်လိ
အဲဒီ တဒင်္ဂ အခိုက်အတန့်မှာ ကဗျာဆရာဖြစ်သူဟာ မြင့်မြတ်ခမ်းနားမှု တစ်ခုခုကို တွေ့လိုက်ရတဲ့အလား မျက်နှာမှာ အရိပ်အယောင် ထင်ရှားလာပြီး၊ သူ့လက်တွေကို ဝှေ့ရမ်းကာ အော်ပြောလိုက်တယ်။ " မြင်လား" " မြင်ကြလား" "အားနက်စ် ကိုယ်တိုင်ကိုက ကျောက်သားမျက်နှာနဲ့ ဆင်တူနေတာပဲဟေ့။"
လူတွေအကုန်လုံး ကဗျာဆရာ ပြောတာကို လိုက်ကြည့်ကြပြီး သူပြောတာမှန်တယ်လို့ ထောက်ခံကြတယ်။ တဘောင်စကားဟာ မှန်သွားခဲ့ပြီဖြစ်တယ်။
ဒါပေမယ့် အားနက်စ် ကတော့ သူပြောစရာရှိတာတွေကို ပြီးအောင်ပြောတယ်။ အဲဒီနောက် ကဗျာဆရာရဲ့ လက်ကို ပြန်တွဲပြီး သူ့အိမ်ဘက်ကိုသာ ဖြည်းဖြည်းချင်း လမ်းလျှောက်ပြန်သွားတယ်။
သူ့စိတ်ထဲမှာတော့ သူ့ထက်လည်း ပိုတော်၊ သူ့ထက်လည်း ဉာဏ်အမြော်အမြင်ပိုရှိတဲ့ ကျောက်သားမျက်နှာနှင့် ဆင်တူသူ ပေါ်လာလိမ့်အုံးမှာပဲလို့ မျှော်လင့်လျက်ရှိနေသေးတုန
ပြီးပါပြီ။
Nathaniel Hawthorne ရဲ့  The Great Stone Face ကို ဆီလျှော်အောင်ဘာသာ ပြန်ဆိုပါသည်။

No comments:
Post a Comment