တခါတုန်းက ဘုရင်တစ်ပါးရဲ့  အထူးအရေးပေးအားထားခံရတဲ့ အကြံပေးပညာရှိကြီးတစ်ဦးဟာ ဘုရင်နှင့် အခြား အကြံပေးပုဂ္ဂိုလ်တွေကိုပါ တွေ့ဆုံဖို့အတွက်ရှိတာမို့ အိမ်ကနေ ထွက်လာခဲ့တယ်။
အဲဒီအချိန်မှာပဲ သူသွားနေတဲ့ လမ်းပေါ်မှာ သေနေပြီဖြစ်တဲ့ ကြွက် တစ်ကောင်ကို သူ မျက်လုံးဒေါင့်ကနေ လှမ်းပြီးတွေ့ လိုက်ရတယ်။ ဒီအခါ သူနှင့်အတူပါလာတဲ့သူတွေကို ပညာရှိကြီးက ''… ဒီလိုကြွက်သေလို သေးမွှား မပြောပလောက်ပါဘူးလို့ထင်ရတဲ့ မူလမြစ်ဖျားကနေတောင် လုံ့လရှိပြီး တက်ကြွကြိုးစားတဲ့ လူငယ်တစ်ယောက်ဟာ ဥစ္စာစီးပွား အမြောက်အများ ကို ရှာဖွေရယူနိုင်ဖို့ အခွင်အရေးကိုရနိုင်တယ်။ အလုပ်လည်း ကြိုးစားမယ်၊ ဉာဏ်ကိုလည်းအသုံးချမယ် ဆိုရင် သူဟာ သူ့ကိုယ်ပိုင် လုပ်ငန်းတစ်ခုကို အစပြုတည်ထောင်နိုင်ပြီးတော့
ပညာရှိကြီးပြောလိုက်တဲ့ မှတ်ချက်စကားကို အဲဒီလမ်းပေါ်ကနေ ဖြတ်လျှောက်သွားတဲ့ လူ တစ်ယောက်က ကြားသွားတယ်။ အဲဒီကြားသွားတဲ့သူက အခုပြောတဲ့ပုဂ္ဂိုလ်ဟာ ထင်ရှားတဲ့အကြံပေးပညာရှိကြီ
ဒီလိုနဲ့ သူဟာ ကြွက်သေကို အမြီးကနေ ကောက်ကိုင်ပြီး ထွက်ခွာလာခဲ့တယ်။ အဲဒီလူ ကံသာနေချိန်မို့နေပါလိမ့်မယ
.
ရရှိလာတဲ့ ကြေးနှစ်ပြားနဲ့ သူဟာ မုန့်ချိုတွေကို ဝယ်လိုက်တယ်။ အဲဒီနောက်တော့ သောက်ရေတွေနှင့်အတူ လမ်းရဲ့ တဖက်မှာ စောင့်ပြီးနေလိုက်တယ်။ သူမျှော်လင့်ထားတဲ့အတိုင်းပါပဲ။
to be continued.....
(Ven. Kurunegoda Piyatissa ရဲ့  Buddhist Tales For Young & Old, Vol. 1, Prince Good Speaker မှ "Mouse Merchant" ကို ဆီလျှော်အောင် ဘာသာပြန်ဆိုပါသည်။)



No comments:
Post a Comment