တခါက ယောကျာ်းရယ်၊ မိန်းမရယ်လို့ ခွဲခြားပြီး ဆက်ဆံလေ့မရှိတဲ့ ဇင်ဘုန်းတော်ကြီးတစ်ပါးဟာ “ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ လမ်းဖြောင့်အတိုင်း သွားပါ။ ငါဘယ်သူလဲ ဆိုတာကို ကိုယ့်ဖာသာ ပြန်မေးပါ“ လို့ ဟောပြောဆုံးမလေ့ရှိတယ်။
တစ်ခါမှာတော့ အမျိုးသမီးတစ်ယောက်က အဲဒီ ဇင်ဘုန်းတော်ကြီးကို မေးလျှောက်တယ်။ “ အရှင်ဘုရား။ အမျိုးသမီးတွေရော ဇင်ဘုန်းတော်ကြီး ဖြစ်ခွင့်ရှိပါသလား။”
ဒီအခါမှာ ဇင်ဘုန်းတော်ကြီးက “ဟင့်အင်း။ လုံးဝမဖြစ်နိုင်ဘူး။ အမျိုးသမီးဆိုရင် တရားထူးမရနိုင်ဘူး။“ လို့ ခပ်ပြတ်ပြတ်ပြောရင်း ထွက်သွားတယ်။
အမျိုးသမီးက ဇင်ဘုန်းတော်ကြီးနောက်ကို လိုက်ရင်း “တပည့်တော် အရှင်ဘုရားကို ကိုးကွယ်ဆည်းကပ်လာတာ နှစ်နှစ်ကျော်နေပါပြီ။ အရှင်ဘုရားက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ အမြဲဟောပြောဆုံးမတယ်။ ဘာကြောင့် အမျိုးသမီးတွေ တရားထူးမရနိုင်ဘူးလို့ ပြောရတာလဲ“ လို့မေးလျှောက်တယ်။
ဒီအခါမှာ ဇင်ဘုန်းတော်ကြီးက အမျိုးသမီးကို စိုက်ကြည့်ပြီး ပြန်မေးလိုက်တယ်။
“ဒီတော့... ဒကာမက အမျိုးသမီးလား။“
(အမျိုးသမီး Zen Master, Babara Rhodes နှင့် သူ့ဆရာ Seung Sahn တို့ အမေးအဖြေလုပ်ထားတာကို ဆီလျှော်အောင် ဘာသာပြန်ဆိုပါသည်။ )
တစ်ခါမှာတော့ အမျိုးသမီးတစ်ယောက်က အဲဒီ ဇင်ဘုန်းတော်ကြီးကို မေးလျှောက်တယ်။ “ အရှင်ဘုရား။ အမျိုးသမီးတွေရော ဇင်ဘုန်းတော်ကြီး ဖြစ်ခွင့်ရှိပါသလား။”
ဒီအခါမှာ ဇင်ဘုန်းတော်ကြီးက “ဟင့်အင်း။ လုံးဝမဖြစ်နိုင်ဘူး။ အမျိုးသမီးဆိုရင် တရားထူးမရနိုင်ဘူး။“ လို့ ခပ်ပြတ်ပြတ်ပြောရင်း ထွက်သွားတယ်။
အမျိုးသမီးက ဇင်ဘုန်းတော်ကြီးနောက်ကို
ဒီအခါမှာ ဇင်ဘုန်းတော်ကြီးက အမျိုးသမီးကို စိုက်ကြည့်ပြီး ပြန်မေးလိုက်တယ်။
“ဒီတော့... ဒကာမက အမျိုးသမီးလား။“
(အမျိုးသမီး Zen Master, Babara Rhodes နှင့် သူ့ဆရာ Seung Sahn တို့ အမေးအဖြေလုပ်ထားတာကို ဆီလျှော်အောင် ဘာသာပြန်ဆိုပါသည်။ )

No comments:
Post a Comment