တစ်နေ့က ရန်ကုန် ခြောက်ထပ်ကြီးဘုရားမှာ သီတင်းသုံးတော်မူတဲ့ သက်တော်ရှည်ဆရာတော်ကြီး အလည်အပတ်ကြွလာတာနဲ့ သွားရောက်ဖူးမြော်ခွင့်ရခဲ့ ပါတယ်။ မန္တလေးမစိုးရိမ်ဆရာတော်ကြီး တို့လို ပိန်ပိန်ပါးပါး သေးသေးသွယ်သွယ် ခန္ဓာကိုယ်အချိုးအဆစ်မျိုးနှင့် သွားလာလှုပ်ရှားတာ၊ ပြောဆိုတာတွေမှာ အေးဆေးတည်ငြိမ်တဲ့ ဣနြေ္ဒအမူအရာကို ကြည်ညိုဖွယ် အထင်သား ဖူးမြင်ရပါတယ်။
ဆရာတော်ကြီးနှင့် ဖူးမြော်ရချိန်မှာ ဧည့်ပရိတ်သတ်လည်း ဘယ်သူမှ ရှိမနေတာမို့ အေးအေးဆေးဆေး (၂) နာရီ နီးပါးလောက် စကားလက်ဆုံပြောဆိုခွင့်၊ တရားဆွေးနွေးခွင့်ကို ရခဲ့သလို၊ ဆရာတော်ကြီးရဲ့  တရားအတွေ့အကြုံတွေကိုလည်း ဓမ္မဗဟုသုတအနေနှင့် ကြည်ညိုနာယူခွင့်ရခဲ့ပါတယ်။
စစချင်းမိနစ်အနည်းငယ် အလ္လာပ၊ သလ္လာပ ပြောဆိုပြီးတာနှင့် ဆရာတော်ကြီးက တရားနှင့် စပ်ဆက်တဲ့စကားတွေဆီကို တဖြေးဖြေးခေါ်ဆောင်သွားပါတော့ တယ်။ ဒါန၊ သီလနှင့် စပ်တဲ့စကားတွေကို အရင်ဆုံး ဆုံးမသြ၀ါဒ ပေးပါတယ်။ ပြီးတဲ့အခါမှာတော့ ဘာဝနာပွားများမှုနှင့် ပတ်သက်တဲ့အကြောင်းတွေဆီကို ရောက်သွားပါတော့တယ်။
ဆရာတော်ကြီးက ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းနှင့် မေတ္တာကမ္မဋ္ဌာန်းပွားများရခြင်း အကျိုးနှင့် ပွားများပုံပွားများနည်းတွေ ကို အမိန့်ရှိတော်မူပါတယ်။ ဆရာတော်ကြီးက သူ့ရဲ့  ကိုယ်ပိုင်အတွေ့အကြုံတွေနှင့် ပွားများခဲ့ပုံတွေအကြောင်းေ ပြာပြတယ်။ လယ်တီဆရာတော်ကြီးရဲ့  နည်းနာနိဿယအတိုင်းပွားများခဲ့ပုံနှင့် တကယ်သာထိထိရောက်ရောက်ပွားများရင် ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတစတဲ့ အဘိဉာဉ်လိုမျိုးတွေတောင် ရနိုင်တဲ့အထိတောင်စွမ်းဆောင်နိုင်ကြောင်း သေသေချာချာရှင်းပြတော်မူတယ် ။
အဲဒီကနေတဆင့်တက်လို့ ၀ိပဿနာဘာဝနာပွားများတဲ့ဆီကို စကား ရောက်သွားပါတယ်။ ဆရာတော်ကြီးက မိုးကုတ်ဆရာတော်ကြီးကိုရော၊ မဟာစည်ဆရာတော်ကြီးကိုရော သက်တော်ထင်ရှားရှိနေကြချိန် မှာ မှီလိုက်ပြီး တပည့်ခံခွင့်ရခဲ့သူမို့ ဆရာတော်ကြီးနှစ်ပါးရဲ့  တစ်မျိုးစီ ထက်မြက်ပုံ၊ အားသာပုံတွေကို ဗဟုသုတဖြစ်ဖွယ် ပြောပြတော်မူပါတယ်။
နောက်တော့ ဆရာတော်ကြီးက သူကိုယ်တိုင်တရားအားထုတ်ရာမှာ သိမြင်ခဲ့ရတဲ့ တရားအတွေ့အကြုံတွေကို ကြွားဝါမှုပုံစံမျိုးမဟုတ်ပဲ တရားတော်ရဲ့  ထူးခြားဆန်းကျယ်ပုံတွေကို သဒ္ဓါတရားတက်ဖွယ်ဖြစ်လာအောင် ပြောပြတော်မူပါတယ်။
ဆရာတော်ကြီးကိုယ်တိုင်က သမထဘာဝနာမှာ အတိုင်းအတာတစ်ခုအထိ ပေါက်မြောက်အောင်မြင်အောင် ကျင့်ထားခဲ့သူမို့ ၀ိပဿနာဘာဝနာကိုအားထုတ်ချိန်မှာတော့ သူ့အနေနှင့် ဉာဏ်စဉ်တစ်ခုစီတိုင်းမှာ အထူးတလည်ကိုပဲ ထင်ထင်ရှားရှား သဲသဲကွဲကွဲ နားလည်သိမြင်ခဲ့ပါတယ်။
တရားအားထုတ်တဲ့ ယောဂီတိုင်းဟာ ဒီဉာဏ်အဆင့်တွေကို အခြေခံကနေစလို့ အဆင့်ဆင့်ဖြတ်သန်းပြီးမှ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ မဂ်ဖိုလ်ကို မျက်မှောက်ပြုကြရတာမှန်ပေမယ့်၊ ယောဂီတိုင်း ဒီဉာဏ်တစ်ခုစီတိုင်းရဲ့  သဘောလက္ခဏာကို သဲသဲကွဲကွဲ နားလည်ခံစားသိမြင်ကြရတာမျိုးတော့ မဟုတ်ပါဘူး။ တချို့ ဉာဏ်တွေကို ရောက်ရှိဖြတ်သန်းသွားပေမယ့် သူ့ရဲ့ လက္ခဏာတွေကို သေသေချာချာ သဲသဲကွဲကွဲ မသိမြင်လိုက်ရတာမျိုးတွေလည်း ရှိတတ်ပါတယ်။
ဆရာတော်ကြီးကတော့ ဉာဏ်စဉ်အဆင့်တစ်ခုစီတိုင်း မှာ အချိန်ကြာကြာ ရှုမှတ်ပွားများခဲ့ရတယ်လို့ မိန့်တော်မူပါတယ်။ ဒါကြောင့် ဉာဏ်စဉ်တွေရဲ့  သဘာဝလက္ခဏာတွေကို ပြည့်ပြည့်၀၀နားလည်သဘောပေါက်ခဲ့ရတယ်လို့ ဆိုပါတယ်။ တချို့  ဆရာတော်ကြီး ကြုံတွေ့သိမြင်ရတဲ့လက္ခဏာတွေ ဆိုရင် စာပေမှာ တိုက်ရိုက်မပါတာမို့ မဟာစည်ဆရာတော်ကြီးကိုယ်တိုင် တရားစစ်ဆေးပေးပြီး ဒါကတော့ ဘာကြောင့်ဖြစ်နေတယ်ဆိုတာမျိုး ဆုံးဖြတ်ပေးရတာတွေရှိခဲ့တယ်လို့ မိန့်တော်မူပါတယ်။
အဲဒီနေ့က ဆရာတော်ကြီးဆီက တရားအတွေ့အကြုံတွေနှင့် တရားအဆုံးအမတွေ တန်ဖိုးမဖြတ်နိုင်အောင် နာကြားမှတ်သားခွင့်ရရှိခဲ့ပါတယ်။ ဒီလို မိုးကုတ်ဆရာတော်ကြီး၊ မဟာစည်ဆရာတော်ကြီးတို့ သက်တော်ထင်ရှားရှိနေစဉ်မှာ တပည့်ခံ ပညာဆည်းပူးခွင့်ရခဲ့တဲ့ ဆရာတော်ကြီးတွေ ဒီခေတ်ဒီအခါမှာ အတော်ကိုရှားပါးနေပြီမို့ အခုလိုဖူးမျှော်ကြည်ညို တရားနာကြားဆွေးနွေးခွင့်ရခဲ့ တာဟာ ကြုံတောင့်ကြုံခဲ အခွင့်အရေးကြီး တစ်ခုပါပဲ။
ဆရာတော်ကြီးဆီက တရားဉာဏ်စဉ်တွေရဲ့  သဘောလက္ခဏာတွေကို နာယူလာရင်းက အခု နောက်ပိုင်း အွန်လိုင်းမှာ ရိပ်သာတစ်ခုကနေ ယောဂီတွေရဲ့  တရားအတွေ့အကြုံတွေကို မေးမြန်းပြီး ကျန်တဲ့ယောဂီတွေကို အားပေးစကားပြောခိုင်းတဲ့ ဗွီဒီယို clip တွေနှင့် ပတ်သက်ပြီး နဲနဲလေး ပြောချင်လာပါတယ်။
ဒီနှစ်ပိုင်းတွေထဲ အဲဒီရိပ်သာဟာ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ တဖြည်းဖြည်း နာမည်ကြီးလာခဲ့ပြီး၊ လူကြိုက်များနေပေမယ့် တရားပြသမှုနှင့် တရားအဆုံးအဖြတ်ပေးပုံတွေမှာ သဘောမကျတာလေးတွေရှိခဲ့ပါတယ် ။ လွန်ခဲ့တဲ့ သုံး၊ လေးနှစ်လောက်ကတည်းက ရိပ်သာရဲ့  တရားနည်းနှင့်ပတ်သက်ပြီး ပိဋကတ်တော်နှင့် မကိုက်ညီတဲ့အကြောင်း စာပေတတ်ကျွမ်းနှံ့စပ်ကြတဲ့ပုဂ္ဂိုလ်တွေက ထောက်ပြပြောဆိုဝေဖန်တာတွေလည်း ရှိခဲ့ပါတယ်။
အခုဒီလပိုင်းတွေထဲ ကြည့်ဖြစ်တဲ့ ဗွီဒီယိုဖိုင်တွေမှာ ယောဂီက သူ့တရားအတွေ့အကြုံကို ပြောပြတဲ့အပေါ်မှာ ဆရာလုပ်သူ အဆုံးအဖြတ်ပေးတာတွေက ယောဂီရဲ့  တရားတက်လမ်းအတွက် တစ်ဘ၀လုံးစာသာမက၊ ကံမကောင်းရင် တစ်သံသရာလုံးစာအတွက်ပါ အန္တရာယ်ဖြစ်စေနိုင်တယ်လို့ မြင်မိပါတယ်။
အားလုံးကြားဖူးနေကြတဲ့ တရားဉာဏ်စဉ် (၁၆) ပါးဟာ တရားကြေးမုံ (သို့မဟုတ်) တရားပေတံပါပဲ။ ဒီဉာဏ်စဉ်တွေကို တချို့ ရိပ်သာတွေက လက်ခံတာရှိသလို၊ တချို့ ရိပ်သာတွေကလည်း လက်မခံကြပါဘူး။ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ တကယ်တရားအားထုတ်လာပြီဆိုရင် ယောဂီတိုင်းဟာ ဒီဉာဏ်တွေရဲ့  သဘောလက္ခဏာတွေကိုတော့ သိရှိဖြတ်သန်းကြရတာပဲဖြစ်ပါ တယ်။
ယောဂီတစ်ယောက်ဟာ သူသိမြင်ခံစားနေရတဲ့ တရားသဘာဝကို ပြောပြလိုက်တာနှင့် ဒီယောဂီဟာ ဘယ်ဉာဏ်အဆင့်မှာ ကျက်စားနေပြီ၊ ရောက်နေပြီဆိုတာကို တရားဗဟုသုတကောင်းကောင်းရှိထားတဲ့သူဆိုရင် တန်းပြီးနားလည်နိုင်ပါတယ်။ လောကီဥပမာနှင့်ပြောရမယ်ဆိုရ င် ကျောင်းသားတစ်ယောက်က သူသိထားတဲ့ သင်္ချာအကြောင်းပြောတယ်ဆိုပါ တော့။ သူက အပေါင်းအနုတ်အမြှောက်အစားလုပ်တဲ့အကြောင်းတွေကိုပြောနေ တာလား၊ logarithm အကြောင်းပြောနေတာလား၊ Differentiate တွေ Integrate တွေအကြောင်းပြောနေတာလား ဆိုတာကိုနားထောင်လိုက်တာနှ င့် ဒီကျောင်းသားဟာ မူလတန်းကျောင်းသားလား၊ အထက်တန်းကျောင်းသားလား၊ တက္ကသိုလ်ကျောင်းသားလားဆိုတာ ကို ခွဲနိုင်သလိုမျိုးပါ။
ဒီဥပမာနှင့်ပဲ ဆက်ပြောပါမယ်။ တကယ်လို့ ကျောင်းသားက သူသိတဲ့ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစားလောက်ကိုပဲ ပြောနေပါလျက်နှင့် သူ့ကို မင်းကတော့ အထက်တန်းကျောင်းသားဖြစ်ပြီ၊ တက္ကသိုလ်တန်းအောင်ပြီ စသည်ဖြင့်ဆုံးဖြတ်ပေးလိုက် မယ်ဆိုရင် ဘယ်သူနစ်နာမယ်ထင်ပါသလဲ။ သူ့ကိုယ်သူ ငါတော့ တက္ကသိုလ်တန်းအဆင့်ဖြစ်နေပြီ။ ဘာမှ ဆက်လေ့လာနေစရာမလိုတော့ဘူးလို့ ယုံကြည်သွားမယ်ဆိုရင် ဒီကျောင်းသားအတွက် မခက်ပါလား။
အဲဒီ ဥပမာအတိုင်းပါပဲ။ အခုလည်း ဒီဗွီဒီယိုဖိုင်တွေမှာ တရားအတွေ့အကြုံပြောနေကြတဲ့ ယောဂီတွေ သိထားတဲ့တရားဟာ တကယ်က အခြေခံအဆင့်သာသာမှာပဲရှိတာပါ။ မဂ်ဖိုလ်နိဗ္ဗာန်စခန်းနှင့် အတော်ကြီးကို အလှမ်းဝေးနေပါသေးတယ်။ အခုမှ စလုံးရေ စ အဆင့်လို့ပြောရမယ့် အနေအထားမှာပါ။
ဘယ်သူမဆို တကယ်စနစ်တကျပြသပေးတဲ့ ဘယ်ရိပ်သာမှာဖြစ်ဖြစ် သွားပြီး တရားလိုလားတဲ့စိတ်နှင့် ကြိုးစားအားထုတ်မယ်ဆိုရင် တစ်နေ့အနည်းဆုံး (၆)နာရီလောက်နှင့် အကြာဆုံး (၅) ရက်ကနေ (၁၀) ရက်အတွင်း အခု ဗွီဒီယိုဖိုင်ထဲက ယောဂီတွေ ပြောနေကြတဲ့ တရားအနေအထားမျိုးကို ရနိုင်ပါတယ်။ ဒါဟာ တရားထူးရတာ မဟုတ်ပါဘူး။ ၀ိပဿနာတရားကို စပြီး ခြေလှမ်းချတဲ့ အဆင့်ပဲရှိပါသေးတယ်။
ဒီလိုအခြေအနေမျိုးမှာ ယောဂီကို မဂ်ကျပြီ၊ ဖိုလ်ကျပြီစသဖြင့် ပြောလိုက်တာဟာ တကယ်တရားလိုလားတဲ့ ယောဂီအတွက် အင်မတန်နစ်နာပါတယ်။ တချို့ လာအားထုတ်ကြတဲ့ ယောဂီတွေဟာ ရက်ပိုင်းအတွင်း သေရတော့မယ့် ရောဂါတွေနှင့် နောက်ဆုံးအချိန်အတွက် မှီခိုအားထားရာတစ်ခုရဖို့အတွက် လာအားထုတ်ကြတာပါ။
ဒုက္ခဝေဒနာကို ခွာရှုနိုင်တဲ့အဆင့်ဟာ တရားလမ်းကြောင်းအနေနှင့် ရရှိတာမှန်ကန်ပေမယ့် ဒါဟာ တရားလမ်းဆုံးမဟုတ်သေးပါဘူး။ ဒုက္ခဝေဒနာကိုသည်းခံပြီး အချိန်ကြာကြာထိုင်နိုင်တာဟာ လည်း တရားအသိဉာဏ်ကြောင့်မဟုတ်ပဲ တခြားအကြောင်းတွေနှင့်လည်း ထိုင်မယ်ဆိုထိုင်လို့ရနေတာပါပဲ။ အိန္ဒိယကဆာဒူးတွေ၊ တိဘက်က လာမားဘုန်းကြီးတွေဆို ရက်တွေ၊ လတွေနှင့် ချီပြီးတောင် ထိုင်နေနိုင်ကြပါတယ်။ ဒါဟာ သမာဓိတမျိုးမျိုးကြောင့်ပြဲ ဖစ်ပြီး တရားအသိဉာဏ်နှင့် ပတ်သက်မှုမရှိပါဘူး။ ဆိုလိုတာ မဂ္ဂင်ထိုက်တဲ့ သမာဓိမျိုး မဟုတ်ပဲလည်း အချိန်ကြာကြာထိုင်မယ်ဆို ထိုင်လို့ရတယ်လို့ ပြောချင်တာပါ။
ဒီရိပ်သာမှာ ပိဋကတ်စာပေလည်း ကျွမ်းကျင်နှံ့စပ်ပြီး၊ တချို့  နိုင်ငံခြား တက္ကသိုလ်တွေက ဒေါက်တာဘွဲ့တွေတောင် ယူထားကြတဲ့ ဆရာတော်အချို့  အားထုတ်ဖူးကြပေမယ့် ဘာပြောသံမှ ထွက်မလာကြတာ အံ့သြဖို့တော့ကောင်းတယ်လို့ မိတ်ဆွေတစ်ယောက်ကတော့ ပြောပါတယ်။ ဘာလို့ မပြောကြတာလဲဆိုတာတော့ ကာယကံရှင်တွေပဲ သိကြမယ်ထင်ပါတယ်။
မိတ်ဆွေတစ်ယောက်ကတော့ အဲဒီကအားထုတ်ပြီးတဲ့ ယောဂီတွေ မဟာစည်ဆရာတော်ကြီးရဲ့  အခြေခံဝိပဿနာတရားလေးတောင် ဖတ်မကြည့်ကြပဲ နေနိုင်ကြတယ်လို့ မချိတင်ကဲပြောရှာပါတယ်။ တကယ်သာ တရားအားထုတ်တာကို စိတ်ဝင်စားပြီး စနစ်တကျအားထုတ်တတ်ချင်တယ်ဆိုရင် ဆရာတော်ကြီးရဲ့  ဒီလိုစာအုပ်မျိုးကတော့ ဖတ်ရှုသင့်တယ်လို့ ယူဆပါတယ်။ ဘယ်နည်းနှင့်ပဲအားထုတ်၊ အားထုတ်။ ကိုယ်သွားနေတဲ့လမ်းခရီးဟာ မှန်ကန်မှုရှိမရှိ ဆိုတာကို ဒီလို ပရိယတ်၊ ပဋိပတ်နှစ်ခုလုံးမှာ အထူးကျွမ်းကျင်နိုင်နင်းတဲ့ အထင်ကရဆရာတော်ကြီးရဲ့  လမ်းညွှန်မှုမျိုးကို လေ့လာမှတ်သားနာယူသင့်လှပါတယ်။
အခုလိုရေးသားမှုအပေါ်မှာ မဟုတ်မမှန်တာတွေကို ပြောတယ်၊ စွပ်စွဲပြောဆိုတယ်လို့ထင်ြ မင်ယူဆခဲ့မယ်ဆိုရင် ဒီဗွီဒီယိုဖိုင်တွေကို ဗန်းမော်ဆရာတော်ဘုရားကြီး၊ ပါချုပ်ဆရာတော်ဘုရား၊ ဖားအောက်ဆရာတော်ဘုရား၊ ယောဆရာတော်ဘုရား စတဲ့ ဆရာတော်ကြီးတွေကို ပြသပြီး အရင်ဆုံး အဆုံးအဖြတ်ခံယူကြည့်ပါလို့ ပြောပါရစေ။
အခုရေးသားမှုဟာ ပုဂ္ဂိုလ်တစ်ဦးဦးအပေါ်မှာသော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုခုကိုသော်လည်းကောင်း ထိခိုက်နစ်နာစေလိုတဲ့ စိတ်စေတနာနှင့်ရေးသားတာ မဟုတ်ဘူးဆိုတာကို နားလည်ပေးစေလိုပါတယ်။ တရားဓမ္မကို တကယ်နှစ်သက်လိုလားပြီး ကြိုးစားအားထုတ်ချင်ကြသူတွေ ၊ ဘ၀ရဲ့ နောက်ဆုံးအချိန်ကို အကောင်းဆုံးဖြတ်သန်းချင်သူေ တွ၊ သေခြင်းတရားကိုရင်ဆိုင်ဖို့ ပြင်ဆင်လိုသူတွေအတွက် ဆရာစကားမှာလမ်းမဆုံးပဲ မဂ္ဂင်လမ်းကို မှန်မှန်ကန်ကန်လျှောက်လှမ်းနိုင်ကြဖို့အတွက် ရည်ရွယ်ရေးသားလိုက်ခြင်းသြာ ဖစ်ပါတယ်။
တရားစစ်တရားမှန်ကို မြတ်နိုးကြတဲ့ ဓမ္မမိတ်ဆွေများအားလုံး စာရေးသူရဲ့  စေတနာကို နားလည်လက်ခံကြလိမ့်မယ်လို့လ ည်း ယုံကြည်မျှော်လင့်မိပါတယ်။
https://www.facebook.com/ eain.daw.5281500/posts/ 443108286139832
https://www.facebook.com/ eain.daw.5281500/videos/ 446069469177047/
ဆရာတော်ကြီးနှင့် ဖူးမြော်ရချိန်မှာ ဧည့်ပရိတ်သတ်လည်း ဘယ်သူမှ ရှိမနေတာမို့ အေးအေးဆေးဆေး (၂) နာရီ နီးပါးလောက် စကားလက်ဆုံပြောဆိုခွင့်၊ တရားဆွေးနွေးခွင့်ကို ရခဲ့သလို၊ ဆရာတော်ကြီးရဲ့  တရားအတွေ့အကြုံတွေကိုလည်း ဓမ္မဗဟုသုတအနေနှင့် ကြည်ညိုနာယူခွင့်ရခဲ့ပါတယ်။
စစချင်းမိနစ်အနည်းငယ် အလ္လာပ၊ သလ္လာပ ပြောဆိုပြီးတာနှင့် ဆရာတော်ကြီးက တရားနှင့် စပ်ဆက်တဲ့စကားတွေဆီကို တဖြေးဖြေးခေါ်ဆောင်သွားပါတော
ဆရာတော်ကြီးက ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းနှင့် မေတ္တာကမ္မဋ္ဌာန်းပွားများရခြင်
အဲဒီကနေတဆင့်တက်လို့ ၀ိပဿနာဘာဝနာပွားများတဲ့ဆီကိ
နောက်တော့ ဆရာတော်ကြီးက သူကိုယ်တိုင်တရားအားထုတ်ရာမ
ဆရာတော်ကြီးကိုယ်တိုင်က သမထဘာဝနာမှာ အတိုင်းအတာတစ်ခုအထိ ပေါက်မြောက်အောင်မြင်အောင် ကျင့်ထားခဲ့သူမို့ ၀ိပဿနာဘာဝနာကိုအားထုတ်ချိန
တရားအားထုတ်တဲ့ ယောဂီတိုင်းဟာ ဒီဉာဏ်အဆင့်တွေကို အခြေခံကနေစလို့ အဆင့်ဆင့်ဖြတ်သန်းပြီးမှ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ မဂ်ဖိုလ်ကို မျက်မှောက်ပြုကြရတာမှန်ပေမယ
ဆရာတော်ကြီးကတော့ ဉာဏ်စဉ်အဆင့်တစ်ခုစီတိုင်း
အဲဒီနေ့က ဆရာတော်ကြီးဆီက တရားအတွေ့အကြုံတွေနှင့် တရားအဆုံးအမတွေ တန်ဖိုးမဖြတ်နိုင်အောင် နာကြားမှတ်သားခွင့်ရရှိခဲ့ပ
ဆရာတော်ကြီးဆီက တရားဉာဏ်စဉ်တွေရဲ့  သဘောလက္ခဏာတွေကို နာယူလာရင်းက အခု နောက်ပိုင်း အွန်လိုင်းမှာ ရိပ်သာတစ်ခုကနေ ယောဂီတွေရဲ့  တရားအတွေ့အကြုံတွေကို မေးမြန်းပြီး ကျန်တဲ့ယောဂီတွေကို အားပေးစကားပြောခိုင်းတဲ့ ဗွီဒီယို clip တွေနှင့် ပတ်သက်ပြီး နဲနဲလေး ပြောချင်လာပါတယ်။
ဒီနှစ်ပိုင်းတွေထဲ အဲဒီရိပ်သာဟာ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ တဖြည်းဖြည်း နာမည်ကြီးလာခဲ့ပြီး၊ လူကြိုက်များနေပေမယ့် တရားပြသမှုနှင့် တရားအဆုံးအဖြတ်ပေးပုံတွေမှာ
အခုဒီလပိုင်းတွေထဲ ကြည့်ဖြစ်တဲ့ ဗွီဒီယိုဖိုင်တွေမှာ ယောဂီက သူ့တရားအတွေ့အကြုံကို ပြောပြတဲ့အပေါ်မှာ ဆရာလုပ်သူ အဆုံးအဖြတ်ပေးတာတွေက ယောဂီရဲ့  တရားတက်လမ်းအတွက် တစ်ဘ၀လုံးစာသာမက၊ ကံမကောင်းရင် တစ်သံသရာလုံးစာအတွက်ပါ အန္တရာယ်ဖြစ်စေနိုင်တယ်လို့
အားလုံးကြားဖူးနေကြတဲ့ တရားဉာဏ်စဉ် (၁၆) ပါးဟာ တရားကြေးမုံ (သို့မဟုတ်) တရားပေတံပါပဲ။ ဒီဉာဏ်စဉ်တွေကို တချို့ ရိပ်သာတွေက လက်ခံတာရှိသလို၊ တချို့ ရိပ်သာတွေကလည်း လက်မခံကြပါဘူး။ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ တကယ်တရားအားထုတ်လာပြီဆိုရင်
ယောဂီတစ်ယောက်ဟာ သူသိမြင်ခံစားနေရတဲ့ တရားသဘာဝကို ပြောပြလိုက်တာနှင့် ဒီယောဂီဟာ ဘယ်ဉာဏ်အဆင့်မှာ ကျက်စားနေပြီ၊ ရောက်နေပြီဆိုတာကို တရားဗဟုသုတကောင်းကောင်းရှိထ
ဒီဥပမာနှင့်ပဲ ဆက်ပြောပါမယ်။ တကယ်လို့ ကျောင်းသားက သူသိတဲ့ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစားလောက်ကိုပဲ ပြောနေပါလျက်နှင့် သူ့ကို မင်းကတော့ အထက်တန်းကျောင်းသားဖြစ်ပြီ၊
အဲဒီ ဥပမာအတိုင်းပါပဲ။ အခုလည်း ဒီဗွီဒီယိုဖိုင်တွေမှာ တရားအတွေ့အကြုံပြောနေကြတဲ့ ယောဂီတွေ သိထားတဲ့တရားဟာ တကယ်က အခြေခံအဆင့်သာသာမှာပဲရှိတာပ
ဘယ်သူမဆို တကယ်စနစ်တကျပြသပေးတဲ့ ဘယ်ရိပ်သာမှာဖြစ်ဖြစ် သွားပြီး တရားလိုလားတဲ့စိတ်နှင့် ကြိုးစားအားထုတ်မယ်ဆိုရင်
ဒီလိုအခြေအနေမျိုးမှာ ယောဂီကို မဂ်ကျပြီ၊ ဖိုလ်ကျပြီစသဖြင့် ပြောလိုက်တာဟာ တကယ်တရားလိုလားတဲ့ ယောဂီအတွက် အင်မတန်နစ်နာပါတယ်။ တချို့ လာအားထုတ်ကြတဲ့ ယောဂီတွေဟာ ရက်ပိုင်းအတွင်း သေရတော့မယ့် ရောဂါတွေနှင့် နောက်ဆုံးအချိန်အတွက် မှီခိုအားထားရာတစ်ခုရဖို့အတ
ဒုက္ခဝေဒနာကို ခွာရှုနိုင်တဲ့အဆင့်ဟာ တရားလမ်းကြောင်းအနေနှင့် ရရှိတာမှန်ကန်ပေမယ့် ဒါဟာ တရားလမ်းဆုံးမဟုတ်သေးပါဘူး။
ဒီရိပ်သာမှာ ပိဋကတ်စာပေလည်း ကျွမ်းကျင်နှံ့စပ်ပြီး၊ တချို့  နိုင်ငံခြား တက္ကသိုလ်တွေက ဒေါက်တာဘွဲ့တွေတောင် ယူထားကြတဲ့ ဆရာတော်အချို့  အားထုတ်ဖူးကြပေမယ့် ဘာပြောသံမှ ထွက်မလာကြတာ အံ့သြဖို့တော့ကောင်းတယ်လို့
မိတ်ဆွေတစ်ယောက်ကတော့ အဲဒီကအားထုတ်ပြီးတဲ့ ယောဂီတွေ မဟာစည်ဆရာတော်ကြီးရဲ့  အခြေခံဝိပဿနာတရားလေးတောင် ဖတ်မကြည့်ကြပဲ နေနိုင်ကြတယ်လို့ မချိတင်ကဲပြောရှာပါတယ်။ တကယ်သာ တရားအားထုတ်တာကို စိတ်ဝင်စားပြီး စနစ်တကျအားထုတ်တတ်ချင်တယ်ဆိ
အခုလိုရေးသားမှုအပေါ်မှာ မဟုတ်မမှန်တာတွေကို ပြောတယ်၊ စွပ်စွဲပြောဆိုတယ်လို့ထင်ြ
အခုရေးသားမှုဟာ ပုဂ္ဂိုလ်တစ်ဦးဦးအပေါ်မှာသေ
တရားစစ်တရားမှန်ကို မြတ်နိုးကြတဲ့ ဓမ္မမိတ်ဆွေများအားလုံး စာရေးသူရဲ့  စေတနာကို နားလည်လက်ခံကြလိမ့်မယ်လို့လ
https://www.facebook.com/
https://www.facebook.com/



No comments:
Post a Comment