သတိထားမိသလောက် ပြောကြည့်ပါမယ်။
တရားအားထုတ်တဲ့ယောဂီတစ်ယောက်ဟာ ဘယ်လိုရည်ရွယ်ချက်မျိုးနှင့် ပဲ အားထုတ်၊ အားထုတ် နောက်ပိုင်း တရားစစ်၊ တရားမှန်ကို သိသွားတဲ့အချိန်မှာ သူ့အရင်က သဘောထား လွဲမှားနေမှုတွေပြောင်းလဲသွားနိုင်တယ် ဆိုတဲ့ စကားကို မူအားဖြင့် ကျွန်တော် လက်ခံပါတယ်။
အဲဒီလိုဖြစ်ဖို့ရာမှာ လိုအပ်တာတွေက
(၁) အဲဒီယောဂီအားထုတ်တဲ့ တရားနည်းဟာလည်း နည်းမှန်၊ လမ်းမှန်ဖြစ်ရပါမယ်။
(၂) သင်ပြပေးတဲ့ ဆရာသမားကလည်း ဒီနည်းလမ်းအမှန်ကို ကျင့်သုံးထားပြီးသူ၊ တပည့်ယောဂီအပေါ်မှာ လိမ္မာကျွမ်းကျင်မှုအပြည့်နှင့် သင်ကြားပြသပေးနိုင်တဲ့သူမျိုး ဖြစ်ရပါမယ်။
(၃) ယောဂီအနေနှင့်ကလည်း ဆရာသင်ပြညွှန်ကြားတဲ့အတိုင်း ကြိုးစားအားထုတ်နိုင်တဲ့သူ၊ ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲဖို့ ၀န်မလေးသူဖြစ်ရပါမယ်။
ဒါဆိုရင် သူအရင်က ဘယ်လိုသဘောထားအမှားတွေပဲရှိ နေခဲ့ ရှိနေခဲ့၊၊ နောက်ပိုင်း အကောင်းဘက်ကို ပြောင်းလဲသွားဖို့ ရာခိုင်နှုန်း အများကြီး ရှိပါတယ်။
ဒါပေမယ့် အဲဒီ သဘောထားမမှန်၊ ရည်ရွယ်ချက် လွဲနေတဲ့ ယောဂီဟာ
(၁) ဘုရားရှင် အဆုံးအမတော်နှင့် ကိုက်ညီမှုမရှိတဲ့ နည်းလမ်းမျိုးပြသနေတဲ့ ရိပ်သာမျိုးကို ကံဆိုးစွာနှင့် ရောက်ခဲ့မယ်။
(၂) သင်ကြားပြသတဲ့ ဆရာသမားဆိုသူတွေကလည်း ယောဂီရဲ့  သည်းခြေကြိုက် မက်လုံးတွေဖြစ်တဲ့ တရားထူးတွေ၊ မဂ်တွေ၊ ဖိုလ်တွေ၊ အရိယာဆိုတဲ့ စကားလုံးတွေကို ရွှမ်းရွှမ်းဝေအောင်ပြောပြီး မဂ္ဂင်ရှစ်ပါးအကျင့်တရားနှင့်  မလျှော်ညီတဲ့ တရားနည်းတွေကို ပြသသင်ကြားပေးမယ်။
(၃) ယောဂီအနေနှင့် မိမိအတွင်းကိလေသာ လျှော့နည်းမှု၊ ကုန်ဆုံးပပျောက်သွားမှုကို ကိုယ်တိုင် စိစစ်ဝေဖန်ခွဲခြားနိုင်ခြင်းမရှိပဲ ဆရာ့စကားမှာပဲ လမ်းဆုံးမယ်။
(၄) ယောဂီက ကိုယ့်ကိုယ်ကို သိသွားပြီလို့ ထင်ထားတဲ့တရားကို တကယ်စစ်မှန်မှုရှိမရှိ ပိဋကတ်စာပေတွေ၊ တခြားတရားပြဆရာသမားတွေ၊ ကျမ်းဂန်တတ်ပညာရှင်တွေရဲ့  အဆုံးအမ၊ သြ၀ါဒအာဘော်တွေနှင့် တိုက်ဆိုင်ညှိနှိုင်းမှုမျိုး ရိပ်သာကထွက်လာပြီး နောက်ပိုင်းမှာ မလုပ်ခဲ့ဘူးဆိုရင်
အဲဒီလိုယောဂီမျိုးဟာ အစကတည်းကလည်း တရားအပေါ်ထားတဲ့ သူ့ သဘောထားဟာ မမှန်ခဲ့သလို၊ တရားရိပ်သာဝင်ပြီးသွားချိန် နောက်ပိုင်းမှာလည်း ပြောင်းလဲမသွားနိုင်ပါဘူး။ ရိပ်သာက ထွက်လာပြီးမှ ပိုတောင် အခြေအနေဆိုးသွားနိုင်ပါသေးတ ယ်။
သူမှားနေတာကို မှားမှန်းမသိလို တောက်လျှောက်လည်း အမှားနည်းကိုပဲ အမှန်ထင်ကျင့်သုံးပါလိမ့်မယ်။ သူ့ကို တရားအားထုတ်ဖို့ လာတိုင်ပင်တဲ့သူ၊ အကြံဉာဏ်တောင်းတဲ့သူတွေကိုလ ည်း သူလိုမျိုးဘဲ ကျင့်ဖို့၊ သူ့ရိပ်သာကို မဖြစ်မနေသွားဖို့ တိုက်တွန်းပါလိမ့်မယ်။
ဒီလိုနှင့် သူနှင့်တကွ သူနှင့်နီးစပ်တဲ့ အသိုင်းအ၀ိုင်းတစ်ခုလုံးမှာ သဘောထားအမှားတွေနှင့် အတ္တအခြေခံပန်းတိုင်တွေကို စံအဖြစ်သတ်မှတ်၊ တရားအမှားတွေကို ကျင့်သုံးရင်း ပျော်မွေ့နေကြတဲ့ Environment မျိုးကို ဖန်တီးဖြစ်ပေါ်လာစေနိုင်ပါတယ်။
တရားအားထုတ်တဲ့ယောဂီတစ်ယောက
အဲဒီလိုဖြစ်ဖို့ရာမှာ လိုအပ်တာတွေက
(၁) အဲဒီယောဂီအားထုတ်တဲ့ တရားနည်းဟာလည်း နည်းမှန်၊ လမ်းမှန်ဖြစ်ရပါမယ်။
(၂) သင်ပြပေးတဲ့ ဆရာသမားကလည်း ဒီနည်းလမ်းအမှန်ကို ကျင့်သုံးထားပြီးသူ၊ တပည့်ယောဂီအပေါ်မှာ လိမ္မာကျွမ်းကျင်မှုအပြည့်နှင
(၃) ယောဂီအနေနှင့်ကလည်း ဆရာသင်ပြညွှန်ကြားတဲ့အတိုင်း
ဒါဆိုရင် သူအရင်က ဘယ်လိုသဘောထားအမှားတွေပဲရှိ
ဒါပေမယ့် အဲဒီ သဘောထားမမှန်၊ ရည်ရွယ်ချက် လွဲနေတဲ့ ယောဂီဟာ
(၁) ဘုရားရှင် အဆုံးအမတော်နှင့် ကိုက်ညီမှုမရှိတဲ့ နည်းလမ်းမျိုးပြသနေတဲ့ ရိပ်သာမျိုးကို ကံဆိုးစွာနှင့် ရောက်ခဲ့မယ်။
(၂) သင်ကြားပြသတဲ့ ဆရာသမားဆိုသူတွေကလည်း ယောဂီရဲ့  သည်းခြေကြိုက် မက်လုံးတွေဖြစ်တဲ့ တရားထူးတွေ၊ မဂ်တွေ၊ ဖိုလ်တွေ၊ အရိယာဆိုတဲ့ စကားလုံးတွေကို ရွှမ်းရွှမ်းဝေအောင်ပြောပြီး မဂ္ဂင်ရှစ်ပါးအကျင့်တရားနှင်
(၃) ယောဂီအနေနှင့် မိမိအတွင်းကိလေသာ လျှော့နည်းမှု၊ ကုန်ဆုံးပပျောက်သွားမှုကို ကိုယ်တိုင် စိစစ်ဝေဖန်ခွဲခြားနိုင်ခြင်
(၄) ယောဂီက ကိုယ့်ကိုယ်ကို သိသွားပြီလို့ ထင်ထားတဲ့တရားကို တကယ်စစ်မှန်မှုရှိမရှိ ပိဋကတ်စာပေတွေ၊ တခြားတရားပြဆရာသမားတွေ၊ ကျမ်းဂန်တတ်ပညာရှင်တွေရဲ့  အဆုံးအမ၊ သြ၀ါဒအာဘော်တွေနှင့် တိုက်ဆိုင်ညှိနှိုင်းမှုမျိုး
အဲဒီလိုယောဂီမျိုးဟာ အစကတည်းကလည်း တရားအပေါ်ထားတဲ့ သူ့ သဘောထားဟာ မမှန်ခဲ့သလို၊ တရားရိပ်သာဝင်ပြီးသွားချိန်
သူမှားနေတာကို မှားမှန်းမသိလို တောက်လျှောက်လည်း အမှားနည်းကိုပဲ အမှန်ထင်ကျင့်သုံးပါလိမ့်မယ
ဒီလိုနှင့် သူနှင့်တကွ သူနှင့်နီးစပ်တဲ့ အသိုင်းအ၀ိုင်းတစ်ခုလုံးမှာ



No comments:
Post a Comment